
ဆာဟာရ သဲကန္တာရလို့ ပြောလိုက်တာနဲ့ ပူပြင်းခြောက်သွေ့လှတဲ့ ရွှေဝါရောင် သဲများဖုံးလွှမ်းနေတဲ့ ကန္တာရကြီးကို သင် မျက်လုံးထဲပြေးမြင်မိမှာတော့ အမှန်ပါ။ တကယ်တော့ ဆာဟာရ ကန္တာရဟာ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုပါ။ ဆာဟာရ သဲကန္တာရဟာ ရှေးယခင်တုန်းက စိမ်းလန်း စိုပြေခဲ့ပြီး မြစ်ချောင်းများနှင့် တိရစ္ဆာန်များစွာ ကျက်စားနေထိုင်ခဲ့ဖူးတယ်လို့ ပညာရှင်တွေက ရေးသားဖော်ပြခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ဒီတစ်ခါမှာ ဆာဟာရ နဲ့ပတ်သက်ပြီး သင်သိထားသင့်တဲ့ အချက် (၆) ချက်ကို ရှာဖွေစုစည်းပြီး ဖော်ပြပေးပါမယ်။

(၁)ဆာဟာရ သဲကန္တာရက ဘယ်မှာရှိတာလဲ..?
သဲကန္တာရဟာ မြောက်အာဖရိကရဲ့ အများစုကို ဝန်းရံထားပြီးမော်ရိုကို၊ အယ်လ်ဂျီးရီးယား၊ ချဒ်၊ အီဂျစ်၊ လစ်ဗျား၊ မာလီ၊ မော်ရီတေးနီးယား၊နိုင်ဂျာ၊ အနောက်ဆာဟာရ၊ ဆူဒန်နှင့် တူနီးရှားနိုင်ငံများကို လွှမ်းခြုံထားပါတယ်။
(၂) Sahara သဲကန္တာရ ဘယ်လောက်ကြီးလဲ
ဆာဟာရသဲကန္တာရဟာ တရုတ် ၊ အမေရိကန်နိုင်ငံဧရိယာတွေထက်တောင်ပိုပြီးကြီးပါတယ်။ သူ့ရဲ့ အကျယ်အဝန်းက စတုရန်းမိုင် ၃.၆ သန်းလောက် ကျယ်ဝန်းပါတယ်။ အမြင့်ပေ၁၈၀ မီတာအထိရောက်ရှိပါတယ်။ ဒါပေမယ့် ဒီအမြင့်က နှစ်စဉ်အပြောင်းအလဲရှိပါတယ်။

(၃) ဆာဟာရက အားလုံးမခြောက်သွေ့ပါ
ဆာဟာရဟာ အများထင်ထားသလို အားလုံးမခြောက်သွေ့ပါဘူး။ သူ့မှာ ရေကန်ပေါင်း ၂၀ ကျော်ရှိပါတယ်။ အဲ့ဒီရေကန်တွေထဲမှာ ချဒ်အိုင်မှလွဲပြီး ကျန်ရေကန်များအားလုံးဟာရေငန်အိုင်များဖြစ်ပါတယ်။
(၄) ဆာဟာရသဲကန္တာရက ဘယ်လောက်ပူလဲ...?
ဆာဟာရရဲ့ စံချိန်တင် အပူချိန်က ၁၃၆ဒီဂရီဖာရင်ဟိုက်ထိရှိပါတယ်။ ၁၉၂၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်က လစ်ဗျားနိုင်ငံ၊ ElAzizia မြို့မှာ ဆာဟာရရဲ့ စံချိန်တင် အပူချိန်ဟာ ၁၃၆ဒီဂရီဖာရင်ဟိုက်ဖြင့် စံချိန်တင်ထားခဲ့ပါတယ်။ ဒါပေမယ့် နောက်အပတ်အတွက် ခန့်မှန်းချက်အပူချိန်က ၂၂ ဒီဂရီ စင်တီဂရိတ်လောက်သာ ရှိပါတယ်။

(၅) ဆာဟာရမှာ ဒိုင်နိုဆောရုပ်ကြွင်းအများအပြားတွေ့ရှိ
ကျွန်တော် အပေါ်မှာ ပြောထားသလို ဆာဟာရ သဲကန္တာရဟာလျှို့ဝှက်ဆန်းကြယ်စရာတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုပါ။ နှစ်ပေါင်း ၆၀၀၀သက်တမ်းရှိ သေးငယ်တဲ့ ကျောက်တုံးပန်းချီများနှင့်အတူ ထူးခြားတဲ့ ဒိုင်နိုဆောရုပ်ကြွင်းများကိုသိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ မကြာသေးမီက နှစ်ပေါင်း သန်း ၈၀သက်တမ်းရှိ ဒိုင်နိုဆောရုပ်ကြွင်းများကို ဆာဟာရအိုအေစစ်မှာ တွေ့ရှိခဲ့ပါတယ်။ ဒီရုပ်ကြွင်းကိုMansourasaurusshahinae လို့လည်း အမည်ပေးထားပြီး အရှည် ၃၃ ပေရှိပြီး အလေးချိန် ၅.၅တန်ရှိပါတယ်။

(၆) ဆာဟာရ ဟာ သဲထက် ကျောက်များက ပိုများ
ဟုတ်ပါတယ်...သဲကန္တာရကို ကျောက်ဆောင် hamadaများဖြင့် ဖွဲ့စည်းထားတာဖြစ်ပါတယ်။ တကယ်တော့ သဲက ၃၀ ရာခိုင်နှုန်းပဲ ရှိပြီး ကျန်တဲ့၇၀ ရာခိုင်နှုန်းက ကျောက်စရစ်တွေများပါတယ်။ အချို့နေရာနွေမှာတော့ ကျောက်ကုန်းပြင် ဆားကွက်များ နှင့် မိုးနည်းတဲ့ ချိုင့်များဖြစ်ပါတယ်။

ဆာဟာရ သဲကန္တာရလို့ ပြောလိုက်တာနဲ့ ပူပြင်းခြောက်သွေ့လှတဲ့ ရွှေဝါရောင် သဲများဖုံးလွှမ်းနေတဲ့ ကန္တာရကြီးကို သင် မျက်လုံးထဲပြေးမြင်မိမှာတော့ အမှန်ပါ။ တကယ်တော့ ဆာဟာရ ကန္တာရဟာ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုပါ။ ဆာဟာရ သဲကန္တာရဟာ ရှေးယခင်တုန်းက စိမ်းလန်း စိုပြေခဲ့ပြီး မြစ်ချောင်းများနှင့် တိရစ္ဆာန်များစွာ ကျက်စားနေထိုင်ခဲ့ဖူးတယ်လို့ ပညာရှင်တွေက ရေးသားဖော်ပြခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ဒီတစ်ခါမှာ ဆာဟာရ နဲ့ပတ်သက်ပြီး သင်သိထားသင့်တဲ့ အချက် (၆) ချက်ကို ရှာဖွေစုစည်းပြီး ဖော်ပြပေးပါမယ်။

ဒါကြောင့် ဆာဟာရဟာ ကုလားအုတ်များနေထိုင်နိုင်ကြသလို ဘီဒူးအင်းမျိုးနွယ်စုများရဲ့ ကျင်လည်ရာ အိမ်ကိုလည်း ပြောလို့ရပါတယ်။ ဘီဒူးအင်း ဆိုတဲ့ စကားလုံးက အာရဗီ badawī မှ ဆင်းသက်လာပြီး “ကန္တာရနေထိုင်သူ” လို့ အဓိပ္ပယ်ရပါတယ်။ သူတို့ဟာ မြောက်အာဖရိကနှင့် အရှေ့အလယ်ပိုင်းတဝိုက်ကနေ ပြောင်းရွှေ့လာခဲ့တဲ့ သူတွေပါ။ သင်ဟာ ဆာဟာရ ခရီးစဉ်ရှိခဲ့မယ်ဆိုရင်တော့ ဘီဒူးအင်းမျိုးနွယ်စုများကို တွေ့ရမှာ ဖြစ်ပါတယ်။