သစ်ကုလားအုတ်လျှာက ဘယ်လောက်ထိရှည်လဲ...?
mmload.com
|
2022-09-07

လည်ပင်းရှည်တဲ့ သစ်ကုလားအုတ်များဟာ သူတို့မှာလည်ပင်းလောက်ရှည်တဲ့လျှာတွေ ရှိတယ်လို့ သင်တစ်ခါလောက် စဉ်းစားဖူးပါသလား....။


ဟုတ်ပါတယ်..သင်တွေးထားသလိုပါပဲ... သစ်ကုလားအုတ်များက လည်းပင်းရှည်တဲ့အပြင် သူတို့ရဲ့လျှာကလည်း အလွန်ရှည်ပါတယ်။


ပညာရှင်တွေရဲ့ လေ့လာချက်အရပုံမှန်အားဖြင့် သစ်ကုလားအုတ်လည်ပင်းဟာ ခြောက်ပေအထိ ဆန့်နိုင်ကြပေမယ့် သစ်ကုလားအုတ်ရဲ့ လျှာဟာ များသောအားဖြင့် ၁၈-၂၀ လက်မထိရှည်ကြတယ်လို့ ဆိုပါတယ်။ဒါပေမယ့် သစ်ကုလားအုတ်လျှာက တစ်ကောင်နဲ့တစ်ကောင် အရောင်ခြင်းမတူကြပါဘူး ။


အချို့က အပြာရောင် ၊ အချို့က အနက်ရောင်နှင့် ခရမ်းရောင်များရှိကြပါတယ်။ သူတို့ရဲ့ ရှည်လျားတဲ့လျှာဟာ စူးရှတဲ့ အဆူးများပါရှိတဲ့ အပင်များကို စားသောက်ရာမှာ အထောက်အကူပြုပါတယ်။


ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့လျှာမှာ ထူထဲမာကျောတဲ့ အလွှာတစ်ခုလည်း ပါရှိတာကြောင့်ပါ။ တကယ့်လို့ ဆူးများရဲ့ စူးရှတဲ့ ဒဏ်ရာရှိမယ်ဆိုရင်တောင် သူတို့ရဲ့တံတွေးက လျင်မြန်စွာသက်သာပျောက်ကင်းစေတဲ့ ပိုးသတ်ဆေးဂုဏ်သတ္တိများရှိလို့ ဖြစ်ပါတယ်။


သစ်ကုလားအုတ်များဟာ တစ်နေ့လျှင် ၁၂ နာရီအထိ အစာစားလေ့ရှိတာကြောင့် လျှာရဲ့နက်မှောင်တဲ့အရောင်ဟာ နေလောင်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။


ဒီလိုရှည်လျားတဲ့ လျှာတွေကြောင့်ပဲ သစ်ကုလားအုတ်များ လူသိများလာခဲ့တာ ဖြစ်ပါတယ်။


#အပြာရောင်
#ဒဏ်ရာ
#လည်ပင်း
#သစ်ကုလားအုတ်
#နာရီ

Some text some message..