
ကျွန်တော်တို့ ကမ္ဘာမြေကြီးဟာ ပေါ်ပေါက်လာချိန်ကတည်းက နေ့နှင့်ညဆိုပြီး ကောင်းမွန်စွာ လည်ပတ်ခဲ့တာပါ။ နေ့ရှိရင် ညရှိရမယ် ဆိုတဲ့ သဘာဝတရားရဲ့ နိယာမတွေမှာ သက်ရှိအားလုံးဟာ အကောင်းဆုံးရှင်သန်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာ နေ့ရှိရင် ညရှိရမယ်ဆိုတဲ့ ကျွန်တော်တို့ သိထားတဲ့ နိယာမသဘောတရားက တကယ်တော့ မှားယွင်းနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နေထိုင်ကြတဲ့ ကမ္ဘာမြေပေါ်မှာ နေလုံးဝမဝင် ညဆိုတာ မရှိတဲ့ နေရာဒေသတွေရှိကြပါတယ်။ ယခုဖော်ပြပေးမှာကတော့ နေလုံးဝမဝင် ညဆိုတာ မရှိတဲ့ တစ်ခုတည်းသော နိုင်ငံတွေအကြောင်းကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

၁. Norway (နော်ဝေး)

နော်ဝေးနိုင်ငံဟာ ဥရောပတိုက်ရှိ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံရဲ့ ပတ်ပတ်လည်မှာ လှပတဲ့တောင်တန်းများက ဝန်းရံထားခြင်းခံရတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ ညသန်းခေါင်ယံ အချိန်ထိတောင် နေလုံးဝမဝင်တာကြောင့် “မွန်းတည့်နေအမြဲ”ရှိတဲ့ နိုင်ငံဆိုပြီး လူသိများခဲ့ပါတယ်။ နော်ဝေးနိုင်ငံဟာ မေလကနေ ဇူလိုင်လနှောင်းပိုင်းအထိ နေလုံးဝမဝင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံဟာ ကမ္ဘာမြေအစွန်း အာတိတ်စက်ဝိုင်းအတွင်းမှာ ရောက်ရှိလို့ ဖြစ်ပါတယ်။
၂. Iceland (အိုက်စလန်)

အိုက်စလန်ကျွန်းဟာ ဗြိတိန်ပြီးလျှင် ဥရောပရဲ့ အကြီးဆုံးကျွန်းတစ်ကျွန်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အိုက်စလန်ဟာ ကမ္ဘာ့အကြီးဆုံး ကျွန်း ၁၈ ကျွန်းထဲက တစ်ကျွန်းအပါအဝင်ဖြစ်ပါတယ်။ ဒီကျွန်းကြီးကလည်း အာတိတ်စက်ဝိုင်းအတွင်းမှာ ရောက်ရှိနေကြောင့် မေလ ၁၀ ရက်မှ ဇူလိုင်လအထိကို နေမဝင်ပဲ ကုန်ဆုံးပါတယ်။ ညဘက်အချိန်တွေမှာလည်း နေရောင်များဖြင့်တောက်ပနေတဲ့ ကျွန်းဖြစ်တာကြောင့် ခရီးသွားတွေအတွက် ဆွဲဆောင်ထားတဲ့ နေရာတစ်နေရာလည်း ဖြစ်ပါတယ်။ ဂျူလိုင်လတွေမှာ ကမ္ဘာလှည့်ခရီးသည်တွေ အများစုလာရောက်တတ်ကြပြီး တောင်ထူထပ်တဲ့ ရေတံခွန်တွေမှာ လူအများအပန်းဖြေကြပါတယ်။ နေ့ဘက်ရဲ့ အလင်းရောင်ဟာ အရမ်းလှတာကြောင့် သင်အပန်းဖြေခရီးသွားမယ်ဆိုရင် ပထမဆုံးဦးပေးအနေနဲ့ အိုက်စလန်ကျွန်းကို သွားဖို့ အကြံပြုပါရစေ။
၃. Canada (ကနေဒါ)

ကနေဒါဟာ ကမ္ဘာ့စုစုပေါင်း ဧရိယာအလိုက် စတုတ္ထအကြီးဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး ကုန်းမြေဖြစ်လည်းဖြစ်ပါတယ်။ နိုင်ငံရဲ့ အနောက်မြောက်ဘက်ဟာ တစ်နှစ်တာပတ်လုံး ဆီးနှင်းများဖုံးလွှမ်းနေတဲ့အပြင် သဘာဝရှုခင်းများစွာလည်း ရှိပါတယ်။ ပြီးတော့ ရက်ပေါင်း ၅၀ လောက် နေဝင်သွားခြင်းမရှိတာကြောင့် ညဆိုတာကြီးကို တွေ့ရနိုင်မှာ မဟုတ်ပါဘူး။
၄. Alaska (အလာစကာ)

အလာစကာဟာ အမေရိကန်မှာရှိတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး နိုင်ငံထဲမှာတော့ အကြီးဆုံး ပြည်နည်တစ်ခုလည်း ဖြစ်ပါတယ်။ လှပတဲ့ ရေခဲမြစ်ကြောင့် လူသိများတဲ့အပြင် အလာစကာဟာ မေလကနေ ဇူလိုင်လအထိ နေလုံးဝမဝင်ဘဲ နေရဲ့အလင်းရောင်ကို တစ်နေကုန်အပြည့်အဝရရှိတဲ့ ပြည်နယ်တစ်ခုလည်း ဖြစ်ပါတယ်။ အလာစကာကို ကမ္ဘာလှည့်ခရီးသည်များက အလွန်ထူးခြားတဲ့နိုင်ငံလို့လည်း ယူဆကြပါတယ်။ ပြီးတော့ နှင်းကျတဲ့ညတွေမှာလည်း နှင်းကျတဲ့မြင်ကွင်းကို လှပစွာရှူမြင်လို့ပါတယ်။
၅. Finland (ဖင်လန်)

ဖင်လန်နိုင်ငံဟာဥရောပနိုင်ငံတစ်ခုဖြစ်ပြီး ဧရိယာအကျယ်အဝန်းအရဆိုရင် ၈ ခုမြောက် လူနေနည်းတဲ့ အကြီးဆုံးနိုင်ငံလည်းဖြစ်ပါတယ်။နိုင်ငံကိုလည်း ရေကန်များစွာဖြင့် အလှဆင်ထားပြီး နေရာတော်တော်များများက နွေရာသီရောက်ရှိတိုင်းနေလုံးဝမဝင်ကြပါဘူး။ နေမဝင်တဲ့ ရက်ကတော့ ၇၃ ရက်နှ ၇၆ ရက်အထိကြာမြင့်ပြီး ညအချိန်တွေမှာနေရဲ့အလင်းရောင်ကို ကောင်းစွာရရှိပါတယ်။
သင်ဟာမှောင်မိုက်တဲ့ညအခါတွေကို သဘောမကျဘဲ နေဘက်တွေကိုသာ ကြိုက်နှစ်သက်တဲ့ သူတစ်ယောက်ဆိုရင်တော့ဒီလိုနေလုံးဝမဝင်တဲ့ နိုင်ငံတွေကို သွားရောက်လည်ပတ်ကြပါလို့ အကြံပြုလိုက်ရပါတယ်။