နွယ်ရှင်နဲ့ မှားတတ်ကြတဲ့ ကပ်ပါးကောင် Nematomorpha
mmload.com
|
2022-09-14

နွယ်ရှင်လို့ ပြောနေကြတဲ့ “ Nematomorpha' ကောင်လေးတွေကို သင်မြင်ဖူးကြမှာပါ။ တကယ်တော့ “Nematomorpha” တွေက နွယ်ရှင်မဟုတ်ဘဲ ကပ်ပါးဆိုင်ကလုန်းနယူရယ် တစ်မျိုးပါ။ တခါတရံ Gordiacea လို့လည်း လူသိများပါတယ်။ သူတို့က အများအားဖြင့် ၅၀ မှ ၁၀၀ စင်တီမီတာ ( လက်မ ၂၀ မှ ၃၉ လက်မ) အထိရှည်လျားကြပါတယ်။


အဆိုပါ ကပ်ပါးကောင်လေးတွေက ရေရှိကျင်းများ၊ ချောင်းများ၊ ဗွက်အိုင်များနှင့် ရေကန်များကဲ့သို့ စိုစွတ်နေရာများမှာ တွေ့ရှိနိုင်ပါတယ်။ သူ့တို့ကို သေချာကြည့်မယ်ဆိုရင် ထိပ်ပိုင်းမှာ အမဲရောင်သမ်းနေတဲ့ ဦးခေါင်လေးကို မြင်ရမှာဖြစ်ပါတယ်။ ပညာရှင်များကရဲ့ လေ့လာချက်မှာ ကမ္ဘာ့တစ်ဝှမ်းမှာ ''Nematomorpha'' မျိုးစိတ်ပေါင်း ၃၂၆ မျိုးခန့် တွေ့ရှိထားပေမယ့် မျိုးစိတ်ပေါင်း ၂၀၀၀ ခန့်ရှိနိုင်တယ်လို့ ခန့်မှန်းထားခဲ့ဖူးပါတယ်။


ဒီ Nematomorpha ဆိုတဲ့ ကောင်တွေ ဘယ်လို ရှင်သန် ပေါက်ဖွား လဲဆိုရင် ဥသန္ဓေ ပိုးလောင်းအဆင့်မှာရှိနေသေးတဲ့ ပိုးဟပ် ၊ ပုရစ်၊ နှံကောင် ၊ဓားခုတ်ကောင်ကို သူတို့ရဲ့ ချွန်ထက်တဲ့ ဦးခေါင်းကို အသုံးပြုပြီး ဝင်ရောက်နေထိုင်ကြပါတယ်၊။


ပြီးတော့ သူတို့နေထိုင်တဲ့အိမ်အတွင်းမှာ တစ်ရက် (သို့မဟုတ်) နှစ်ရက်ကြာမှာ အရွယ်ရောက်ပြီးတဲ့ ကောင်လေးတွေက ရေထဲမှာ မိတ်လိုက်ကြပြီးနောက် သြဂုတ်လလယ် နှင့် အောက်တိုဘာလလယ်ခန့်လောက်မှာ သူတို့ ဥများကို ရေထဲမှာ ဥကြတာ ဖြသ်ပါတယ်။


ဥတွေက သားလောင်းပေါက်ဖို့ တစ်လခန့်ကြာမြင့်ပါတယ်။ အကောင်ပေါက်ပြီးတဲ့ အခါမှာလည်း စိုစွတ်တဲ့ နေရာတွေမှာ နေထိုင်ကြပြီး ခရုများနှင့် ပက်ကျိများတို့ရဲ့ အစာအိမ်ထဲကို တစ်နည်းနည်းဖြင့် ဝင်ရောက်လာကြတာ ဖြစ်ပါတယ်။ အဲဒီ့ထဲမှာ သူတို့က အဆီအိတ်တွေ ဆောက်ပြီး ကြီးထွားလာကြပါတယ်။ အတွင်းထဲမှာ ပေါက်ဖွားတဲ့ ကောင်လေးတွေကိုတော့ ယာယီအိမ်ရှင်လို့ ခေါ်ကြပါတယ်။


ကပ်ပါးကောင်ဟာ ယာယီအိမ်ရှင်ရဲ့ ခန္ဓာကိုယ် ဦးနှောက်က ဓာတုဟော်မုန်းပစ္စည်းတွေကိုမြှင့်တင်ပေးခြင်းဖြင့် ထိန်းချုပ်ဖို့ ရေရှိတဲ့နေရာကို သွားကြပါတယ်။ ကိုယ်ပိုင်ထိန်းချုပ်မှုမဲ့သွားတဲ့ ယာယီအိမ်ရှင်တွေဟာ ရေရှိရာကို သွားရပြီး ရေထဲရောက်ချိန်မှာတော့ ကပ်ပါးကောင်ဟာ ထိုးထွက်လာပါတော့တယ်။


အဲ့ဒီတော့မှ အရွယ်ရောက်ပြီး လွတ်လပ်တဲ့ ကပ်ပါးကောင်ဖြစ်လာတာပါ။ ဒါပေမယ့် ယာယီအိမ်ရှင်က သူ့အလိုလိုပျောက်ကွယ်သွားခဲ့ပါတယ်။ ဒီကပ်ပါးကောင်လေးတွေကို ယနေ့အချိန်ထိ အများသောအားဖြင့် နွယ်ရှင်လေးတွေလို့ တချို့ ထင်နေကြတာ တွေ့ရပါတယ်။


#ခန္ဓာကိုယ်
#ဦးနှောက်
#ကပ်ပါး
#နွယ်ရှင်
#ပုရစ်

Some text some message..