
အပြာရောင်ဝေလငါးဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး သက်ရှိဖြစ်ပါတယ်။ အပြင်မှာ သင့်အနေနဲ့ ကမ္ဘာအကြီးဆုံး သက်ရှိကို မတွေ့ဖူးပေမယ့် သိကြမယ်လို့တော့ ထင်ပါတယ်။ ဒါကြောင့် သူ့ရဲ့ နှလုံးနဲ့ပတ်သက်တဲ့ ထူးဆန်းအကြောင်းအရာ ၅ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

အပြာရောင်ဝေလငါးရဲ့ နှလုံးဟာ ကမ္ဘာပေါ်မှာ အလေးဆုံး ဖြစ်ပါတယ်။ သူ့ရဲ့နှလုံးဟာ ပေါင် ၄၀၀ ရှိပြီး ဒါဟာ အရွယ်ရောက်ပြီးသား ခြင်္သေ့တစ်ကောင်ရဲ့ အလေးချိန်ရှိပါတယ်။ ဆင်ရဲ့နှလုံးဟာ ပေါင် ၃၀ ရှိပြီး သင့်ရဲ့နှလုံးကတော့ အဲ့ဒီအလေးချိန်ရဲ့ တစ်၀က်နီးပါးပဲရှိပါတယ်။

အပြာရောင်ဝေလငါးရဲ့ သွေးလွှတ်ကြောဟာ အကျယ်ဆုံး သွေးလွှတ်ကြောဖြစ်ပါတယ်။ သူ့ရဲ့ သွေးလွှတ်ကြောဟာ ၉ လက်မရှိပြီး ဒါက ညစာပန်ကန်အရွယ်အစားရှိပါတယ်။

အပြာရောင်ဝေလငါးရဲ့ နှလုံးအရွယ်အစားဟာ ကားတစ်စီးစာရှိတာမဟုတ်ပါဘူး။ တချို့က ကားတစ်စီးစာရှိတယ်ဆိုပြီး ပြောဆိုနေကြတာဟာ တကယ်တော့မှားပါတယ်။ ဒါပေမယ့် သူ့ရဲ့နှလုံးဟာ အသေးစား ဂေါက်ရိုက်ကား အရွယ်လောက်ရှိပါတယ်။

သူ့ရဲ့နှလုံးခုန်သံဟာ ၂ မိုင်အကွာကနေ ကြားနိုင်ပါတယ်တဲ့။
အပြာရောင်ဝေလငါးတွေ ရေငုတ်နေချိန်မှာ သူတို့ရဲ့ နှလုံးခုန်နှုန်းဟာ ကမ္ဘာ့အနှေးဆုံး ဖြစ်ပါတယ်။ ရေမျက်နှာပြင်ပေါ်မှာဆိုရင် တစ်မိနစ်အတွင်း သူတို့ရဲ့နှလုံးဟာ ၂၅ ကြိမ်ကနေ ၃၇ ကြိမ်ထိ ခုန်ပါတယ်။ ရေအောက်ထဲမှာဆိုရင်တော့ တစ်မိနစ်ကို ၄ ကြိမ်ကနေ ၈ ကြိမ်ထိပဲ ခုန်ပါတယ်။