
သဘာဝတရားဟာ လျှို့ဝှက်ဆန်းကြယ်ပြီး လှပသလို လူ့ဦးနှောက်မှ နားမလည်နိုင်တဲ့ လျှို့ဝှက်ချက်များ ရှိပါတယ်။ သဘာဝရဲ့ အကောင်းဆုံး လျှို့ဝှက်ချက်တွေထဲက တစ်ခုကတော့ General Sherman ဖြစ်ပါတယ်။

ကြားဖူးလား? နှစ် 2000 ဝန်းကျင်သက်တမ်းရှိ ကမ္ဘာပေါ်မှာ အသက်ရှင်နေတဲ့ အကြီးဆုံးသစ်ပင်ရဲ့ အမည်ဖြစ်ပါတယ်။ အမြင့် 83.8 မီတာ (274.9 ပေ) မှာ တည်ရှိပြီး ဒါဟာ ကမ္ဘာ့အကြီးဆုံး သက်ရှိ သစ်ပင်ကြီးဖြစ်ပြီး US မှာ တွေ့ရှိနိုင်ပါသည်။

ဒါတင်မကဘဲ သစ်ပင်ကို “မြေကြီးပေါ်မှာ အကြီးဆုံး သက်ရှိသတ္တဝါ” အဖြစ်လည်း ရည်ညွှန်းပါတယ်။အမေရိကန်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Tulare ကောင်တီရှိ Sequoia အမျိုးသားဥယျာဉ်ရဲ့ Forest of Giant ဟာ General Sherman လို့ခေါ်တဲ့ ကမ္ဘာပေါ်ရှိ အကြီးဆုံးသက်ရှိသစ်ပင်ကြီးရဲ့ နေရာဖြစ်ကြောင်း အတော်များများက မသိကြပါဘူး။

ဒီဧရာမ sequoia (Sequoiadendron giganteum) အပင်ဟာ ၂၅ ပေ (လုံးပတ်) ပင်စည်ပါရှိပြီး ထုထည်မှာ 52,500 ကုဗပေ (1,487 ကုဗမီတာ) ခန့်ရှိပါတယ်။ဒီသစ်ပင်ကြီးကို ၁၈၇၉ ခုနှစ်တွင် အမေရိကန်ပြည်တွင်းစစ်ဗိုလ်ချုပ်ကြီး William Tecumseh Sherman ကအမည်မှည့်ခေါ်ခဲ့ပါတယ်။

ခုနစ်နှစ်ကြာပြီးနောက် ဒီဒေသတစ်ခုလုံးဟာ Kaweah ကိုလိုနီလက်အောက်ကို ရောက်ရှိခဲ့ပြီး Karl Marx ရဲ့အမည်ကို ပြောင်းလဲခဲ့ပါတယ်။ အဲ့နောက် ၁၈၉၂ ခုနှစ်မှာ လူ့အဖွဲ့အစည်း ပြိုပျက်သွားခဲ့ပြီး သစ်ပင်ဟာ သူ့ရဲ့ မူလအမည်ကို ပြန်လည်ရရှိခဲ့ပါတယ်။