
ပျား နှင့် ပဒူ နှစ်မျိုးစလုံးက လူ နှင့် ပတ်ဝန်းကျင်အတွက် အလွန်တန်ဖိုး ရှိတဲ့ အင်းဆက်တွေပါ။ ဘာကြောင့်လဲဆိုတော့ သူတို့က ကောက်ပဲသီးနှံတွေ နှင့် ဉယျာဥ်များကို ဖျက်ဆီးနေတဲ့ အင်းဆက်ပိုးမွှားများစွာကို ဖမ်းယူစားသောက်ကြလို့ ဖြစ်ပါတယ်။ ပျား နှင့် ပဒူ တို့က အကောင်ချင်း ဆင်ကြတယ်လို့ ထင်ရပေမယ့် ဖွဲ့စည်းတဲ့ အင်္ဂါရပ်နှင့် နေထိုင်စားသောက်ပုံကတော့ ကွဲပြားကြပါတယ်။

ယေဘူယျအားဖြင့် ပျားတွေက ခန္ဓာကိုယ်မှာ အမွေးများရှိပြီး အဲ့ဒီအမွေးလေးတွေက ဝတ်မှုန်များ စုဆောင်းရာမှာ အထောက်အကူပြုပါတယ်။ ပဒူ လေးတွေမှာတော့ အမွေးများ မရှိပေမယ့် ပိုမိုပါးလွှားပြီး သွယ်လျတဲ့ ခြေချောင်းများရှိပါတယ်။

အစားအသောက်မှာလည်း ပျားများက ပန်းပွင့်များရဲ့ ပန်းဝတ်မှုန် နှင့် ဝတ်ရည်များကိုသာသောက်သုံးကြပေမယ့် ပဒူ များက အသားစားတဲ့သူများဖြစ်လို့ ရွယ်တူ အင်းဆက် ပိုးကောင်တွေကို ဖမ်းယူစားသောက်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတရံတော့ ပန်းဝတ်ရည်များကို သောက်ကြပါတယ်။နောက်ထပ် မတူတာ တစ်ခုကတော့ သူတို့ နေထိုင်တဲ့ အသိုက်တွေပါ။

ပျားတွေက သူတို့ရဲ့ အသိုက်တွေကို ဖယောင်းဖြင့် တည်ဆောက်ကြပေမယ့် ပဒူ တွေက အသိုက်တွေကို သူတို့ဝါးထားတဲ့ သစ်သားအမှုန်အမွှားများကို တံတွေးနှင့်ရောထားတဲ့ စက္ကူလိုအရာတွေနဲ့ တည်ဆောက်ကြပါတယ်။ ပျားရည်ဟာ နှစ်ရှည်ခံတာကြောင့် ကျန်းမာနေသမျှ ကာလပတ်လုံး အသိုက်က နှစ်ပေါင်းများစွာ အသုံးပြုလို့ရပါတယ်။

ပဒူတွေရဲ့ အသိုက်ကတော့ နှစ်စဉ်သက်တမ်းရှိတာကြောင့် အများဆုံး တစ်နှစ်သာ အသုံးပြုကြပါတယ်။ အချို့ပဒူတွေကတော့ အသိုက်အသစ်မဆောက်ကြဘဲ အနည်းငယ်ပြုပြင်ပြီး ပြန်လည် သုံးကြပါတယ်။ ပျား နှင့် ပဒူ နှစ်မျိုးစလုံးက အဆိပ်ရှိတဲ့ အင်းဆက်တွေဖြစ်ပြီး ပဒူကောင်ရဲ့ အဆိပ်က ပျားထက်ပိုပြင်းထန်လို့ အခန့်မသင့်ရင် လူတောင်သေစေနိုင်ပါတယ်။