အမွှေးနဲ့ပြုလုပ်ထားတယ်လို့ ဖော်ပြကြလေ့ရှိတဲ့ ကြံ့ဦးချိုအကြောင်း
mmload.com
|
2022-09-25

ကြံ့ဦးချို (သို့မဟုတ်) ဦးချိုဟာ လူများစွာအတွက် ကြံ့များကို ထူးခြားစေပါတယ်။ ဒါဟာ သူတို့ရဲ့ အမှတ်တံဆိပ်လက္ခဏာဖြစ်‌ပေမယ့်လည်း ကြံ့ချိုကို ဘာနဲ့လုပ်ထားလဲ။ ပြီးတော့ သူတို့မှာ ဘာကြောင့်ရှိတာလဲ။ ကြံ့ဦးချိုကို တချို့တွေဟာ အမွှေးနဲ့ ပြုလုပ်ထားတယ်လို့ မှားယွင်းစွာ ဖော်ပြလေ့ရှိပါတယ်။


တကယ်တော့ ကြံ့ဦးချိုဟာ လူ့ဆံပင်နှင့် လက်သည်းခြေသည်းတို့မှာရှိတဲ့ ပရိုတင်းဓာတ်တစ်မျိုးဖြစ်တဲ့ keratin နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါပေမယ့် အခေါင်းပေါက် အမျှင်များဖြင့် ပြုလုပ်ထားရမယ့်အစား ကြံ့ချိုများဟာ keratinized ဖြစ်တဲ့ အလွှာများ အတွင်းရှိ အထူးပြု အရေပြားဆဲလ်များမှ အလွှာများ တွင် ကြီးထွားလာကာ ဆဲလ်များရဲ့ လုပ်ဆောင်မှု အားလုံး ရပ်တန့်သွားကာ မာကျောလာပါတယ်။


ဦးချိုရဲ့ အလယ်ဗဟိုမှာ ကယ်လ်စီယမ်နှင့် မီလန်နင် အလွှာများ ရှိပြီး သူ့ကို ပိုမိုပြင်းထန်စွာ ထိန်းသိမ်းဖို့ ကူညီပေးတဲ့ အဲ့ဒီအရာနှစ်ခုရှိပါတယ်။ မြင်းခွာ သို့မဟုတ် လိပ်နှုတ်သီးလိုမျိုး ကြံ့ချိုဟာ ခိုင်မာပါတယ်။ ကြံ့ငါးမျိုးမှာ ၃ မျိုးဟာ ဦးချိုနှစ်ချောင်း ပါရှိပြီး ကျန်တစ်မျိုးမှာ ချိုတစ်ချောင်းတည်းရှိတတ်ကြပါတယ်။


အာရှကြံ့များရဲ့ ဦးချိုများဟာ သူတို့ရဲ့ အာဖရိကတိုက်မျိုးကွဲများထက် သေးငယ်ပေမယ့်လည်း သူတို့အားလုံးကို keratin ဖြင့် ပြုလုပ်ထားပါတယ်။ ပျမ်းမျှအားဖြင့် ကြံ့ဦးချိုဟာ တစ်နှစ်ကို ၂ စင်တီမီတာခန့် ကြီးထွားလာပြီး ထူးခြားတဲ့ keratin အလွှာများစွာဖြင့် တည်ဆောက်ထားပါတယ်။ အလွှာတစ်ခုစီဟာ ကြံ့စားတဲ့အစားအစာ၊ သူတို့ရဲ့ပတ်ဝန်းကျင်အပူချိန်နှင့် ပြင်ပပျက်စီးမှုစတဲ့ အချက်များပေါ်မူတည်ပြီး ပုံသဏ္ဍာန်နှင့် အရောင်ကွဲပြားပါတယ်။ 


#အစားအစာ
#လက္ခဏာ
#အပူချိန်
#စင်တီမီတာ
#အလွှာ

Some text some message..