
လိပ်တင်ပါးကနေ အသက်ရှုခြင်းကို နည်းပညာပိုင်းအရ ဝေါဟာရမှာ Cloacal respiration ဖြစ်ပါတယ်။ ဒါဟာ အောက်ဆီဂျင်ကို ပျံ့နှံ့စေကာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်ပေးရုံနဲ့ အသက်ရှုခြင်းမဟုတ်ပေမယ့်လည်း လိပ်များဟာ ဆောင်းခိုတဲ့အခါမှာ သူတို့ရဲ့ အဓိက အောက်ဆီဂျင်အရင်းအမြစ်က သူတို့ရဲ့ တင်ပါးမှတဆင့်ဖြစ်ပါတယ်။

လိပ်ဆိုတဲ့ သွေးအေးတိရိစ္ဆာန်များအနေနှင့် ဆောင်းရာသီမှာ အပူချိန်ကျဆင်းလာတဲ့အခါ လိပ်တစ်ကောင်ရဲ့ အတွင်းပိုင်းအပူချိန်ဟာ သူနဲ့အတူ ကျဆင်းသွားပြီး သူ့ရဲ့ဇီဝဖြစ်ပျက်မှုမှာ ကိုက်ညီမှုနှေးကွေးသွားပါတယ်။

သူတို့ဟာ ဒီနှေးကွေးတဲ့ ဇီဝကမ္မဖြစ်စဉ် hibernation ကာလမှာ ရှိနေစဉ် သူတို့ရဲ့ အောက်ဆီဂျင် လိုအပ်ချက်မှာ အလွန်နည်းပါးပေမယ့် သူတို့ အပေါ်မှာ စီးဆင်းနေတဲ့ ရေမှ ပြန့်နှံ့သွားတဲ့ အောက်ဆီဂျင်ဟာ နွေဦးအထိ သူတို့ကို ရှင်သန်ဖို့ လုံလောက်ပါတယ်။အချိန်တွေတကယ်ခက်ခဲလာတဲ့အခါမှာတော့ သူတို့က Anaerobic respiration ကိုအမြဲပြောင်းနိုင်ပါတယ်။

သူတို့ရဲ့ဇီဝဖြစ်ပျက်မှုကို အောက်ဆီဂျင်မပါဘဲ စွမ်းအင်ပေးတာမျိုးပါ။ ဒါပေမယ့် ဒီပုံစံက အသက်ရှုလမ်းကြောင်းဆိုင်ရာ ထုတ်ကုန်ဖြစ်တဲ့ lactic acid တွေစုပုံလာတာကြောင့် အချိန်ကန့်သတ်ချက်တစ်ခုပါလာပါတယ်။

ဒီအသက်ရှူခြင်းလုပ်ငန်းစဉ်ဟာ ကုန်းနေရေနေသတ္တဝါများနှင့် တွားသွားသတ္တဝါများကြားမှာ အတော်လေးအဖြစ်များပြီး ကောင်းစွာအသက်ရှူခြင်းလို့ခေါ်ပါတယ်။ လိပ်ဖင်ပေါက်များအပြင် အရေပြားအောက်ကနေ အသက်ရှုခြင်းကို ထင်ရှားတဲ့ အသုံးပြုသူများဟာ ဖားများ၊ ပုတ်သင်ပုန်းများနှင့် ပင်လယ်မြွေများဖြစ်ပါတယ်။