
မြွေတွေက ဥဥလားဆိုတဲ့ မေးခွန်းကို တချို့တွေက ယခုအချိန်ထိ သုံးနှုန်းနေကြတုန်းပါ။ တကယ်တော့ မြွေအများစုက ဥဥကြပြီး ဥဥတဲ့ မြွေများကို Oviparous လို့ခေါ်ပါတယ်။ ဒါပေမယ့် ဥဥတဲ့ မြွေတိုင်းလည်း သားမပေါက်ကြပါဘူးဆိုတာ သိထားဖို့လိုပါတယ်။

ဒါဆို ဘယ်လိုမြွေတွေက ဥဥကြသလဲဆိုတာ သင်မေးကောင်းမေးမှာပါ။ သုတေသန ပညာရှင်တွေရဲ့ လေ့လာချက်တွေအရဆိုရင် ဥဥတဲ့ (Oviparous) မြွေများဟာ ကြောင်မျက်လုံးမြွေနှင့် ကြောင်မြွေ ၊ မြွေဟောက် ၊ ကော်ဖီမြွေ ၊ ကြေးခေါင်း ၊ သန္တာမြွေ ၊ ပြောင်းဖူးမြွေ ၊ သရဖူဆောင်းမြွေ ၊ ကြက်ဥစားမြွေ ၊ သန္တာမြွေအတု ၊ အရိပ်မြွေ ၊ Flathead မြွေ ၊ မြွေပျံ ၊ သစ်တောမြွေ ၊ Pampas မြွေများ၊ ကြက်တူရွေးမြွေ ၊ စပါးအုံးမြွေ ၊ သက်တံ့မြွေ ၊ ကြွက်မြွေ ၊ ကျူမြွေ ၊ မြွေစိမ်းများ ဖြစ်ပါတယ်။

မြွေတွေကဘယ်လိုနေရာတွေမှာ ဥဥကြလဲ ...? ။
မြွေတွေဟာမျိုးအောင်ပြီး နှစ်ပတ် မှ တစ်လအတွင်း သားဥတွေကို ဥဖို့ အဆင်သင့်ဖြစ်ကြပါတယ်။ မျိုးဥချတဲ့အချိန်ရောက်လာပြီဆိုတာနဲ့ သဲသောင်နေရာများမှာ တွင်းများတူးကြပါတယ်။ မြွေမျိုးစိတ် အများစုကတော့ဥဥဖို့အတွက် သဘာဝအပေါက်တွေကိုသာ ရှာပြီးအသုံးပြုကြပါတယ်။

သူတို့ ဥဥတတ်တဲ့ နေရာတွေကတော့သဘာဝတွင်းပေါက်များ၊ သစ်လုံးအောက်တွေနဲ့ စိုစွတ်တဲ့ မြေဆီလွှာများ အနီးအနားရှိတဲ့ နေရာတွေမှာ တွင်းတူးပြီးဥချကြပါတယ်။သူတို့ ဥပြီးရင်လည်း အခြားသူတွေ မတွေ့နိုင်အောင် မြေကြီး (သို့မဟုတ်) သစ်ရွက်ခြောက်တွေနဲ့ ဖုံးအုပ်ထားခဲ့ကြပါတယ်။ ဥများပေါက်ဖွားတဲ့ အရေအတွက်ကတော့ မြွေမျိုးစိတ်ပေါ်မူတည်ပါတယ်။ ဥပမာ - Ball Python မြွေတွေဆိုရင် ၁ လုံးမှ ၁၁ လုံးအထိ ပေါက်ကြပြီး အချို့ဥများကတော့ ၁ လုံး (သို့မဟုတ်) ၂ လုံးမျှသာ ပေါက်ကြတာ ဖြစ်ပါတယ်။

မြွေတွေက ဘယ်အချိန်မှာ ဥဥကြသလဲ...?
မြွေတွေရဲ့ မျိုးပွားရာသီကလည်း သူတို့ရဲ့အရွယ်အစား နှင့် မျိုးပွားနိုင်တဲ့ အသက်အရွယ်ပေါ် မူတည်ပြီး ကွဲပြားပါတယ်။ ဥပမာ - အမေရိကန်မှာကျက်စားနေထိုင်ကြတဲ့မြွေတွေဆိုရင် မျိုးပွားရာသီမှာ မေလ မှ သြဂုတ်လ အထိဖြစ်ပါတယ်။