အမေရိကန်လူမျိုးတွေ လင်းယုန်ငှက်ကို ဘာကြောင့် ကြိုက်တာလဲ...?
mmload.com
|
2022-10-03

လင်းယုန်ငှက်ဟာ အမေရိကန်လူမျိုးတွေအတွက် တကယ့်ကို အထွတ်အမြတ်ထားကြတဲ့ ငှက်ဖြစ်ပြီး အမေရိကန်ရဲ့ သင်္ကေတတစ်ခုလို့လည်း ပြောလို့ရပါတယ်။ သူတို့က မြောက်အမေရိကတစ်ခွင်မှာ အများအပြား နေထိုင်ကျက်စားကြပါတယ်။ ဒါ့အပြင် ရုရှားနိုင်ငံအရှေ့ပိုင်း ၊ Belize ၊ Puerto Rico နှင့် U.S. Virgin ကျွန်းများမှာလည်း မုန်တိုင်းများတိုက်ခတ်အပြီးမှာ မြင်တွေ့ရတတ်ပါတယ်။


ငှက်မျိုးစိတ်တွေထဲမှာ လင်းယုန်ငှက်က အရွယ်အစားအရ အတော်လေးကို ကြီးမားတဲ့ ငှက်ဖြစ်ပါတယ်။ ဘယ်လောက်ထိကြီးလဲဆိုရင် အမတွေရဲ့ အတောင်က (၈) ပေ ခန့်အထိရှည်လျားပြီး အလေးချိန်မှာ ၁၄ ပေါင်ခန့် ရှိကာ အရှည်မှာ ၄၃ လက်မထိရှိပါတယ်။ အထီးတွေကတော့ အကြမ်းဖျင်းအားဖြင့် ၂၅ ရာခိုင်နှုန်းခန့် သေးငယ်ပြီး အလေးချိန်က ၁၀ ပေါင်လောက်သာရှိကြပါတယ်။


ဘယ်သတ္တဝါမှ နေကို တိုက်ရိုက်မကြည့်နိုင်ကြပေမယ့် လင်းယုန်ငှက်ကတော့ နေကို မျက်နှာချင်းဆိုင်ပြီး အချိန်တော်တော်ကြာကြာ ကြည့်နိုင်ပါတယ်။ ပြီးတော့ သူတို့ရဲ့ ခြေသည်းတွေက ဓားတွေလံတွေလို ချွန်ထက်ပြတ်ရှလွယ်တာကြောင့် သူကြိုက်တဲ့ သားကောင်ကိုတွေ့ရင် အမြင့်ကနေ ခုန်ဆင်းပြီး အဲ့ဒီခြေသည်းတွေနဲ့ တစ်ချက်တည်း ကုတ်ယူနိုင်ကြပါတယ်။


အံ့သြစရာကတော့ လင်းယုန်ငှက်တွေက ဖမ်းယူလာတဲ့ သားကောင်တွေကို မြေပေါ် နှင့် သစ်ပင်တွေမှာ နားပြီး ဘယ်တော့မှ မစားကြပါဘူး။ သူတို့ရဲ့ ခြေသည်းနဲ့ ကုတ်ချီပြီး ကောင်းကင်ယံမှာပဲ နှုတ်သီးဖြင့် ပေါက်ပေါက်ပြီး စားကြတာ ဖြစ်ပါတယ်။နောက်ထပ် ထူးခြားတဲ့တစ်ခုကတော့ လင်းယုန်ငှက်ဟာ မုန်တိုင်းကို မကြောက်တဲ့ ငှက်ထဲမှာ ပါဝင်ပါတယ်။


ကမ္ဘာပေါ်မှာ မုန်တိုင်းကို မကြောက်တာ လင်းယုန် နှင့် စင်ယော် နှစ်မျိုးပဲ ရှိပါတယ်။ အဲ့ဒီအရည်အချင်းတွေကြောင့်ပဲ အမေရိကန်တွေက လင်းယုန်ကို ကြိုက်ကြတာပါ။


အခြားငှက်တွေထက် အားသာချက်ကတော့ လင်းယုန်ငှက်တိုင်းဟာ နှစ် ၇၀ အထိသက်တမ်းရှည်နေထိုင်နိုင်ကြသလို အစာမစားဘဲနဲ့လည်း အချိန် ၅ လအထိ နေနိုင်ကြတာ ဖြစ်ပါတယ်။ ဒါက သဘာဝက ပေးတဲ့ လက်ဆောင်တွေကို လင်းယုန်ငှက်ပဲ ရရှိထားတာ ဖြစ်ပါတယ်။


#သဘာဝ
#အမေရိကန်
#မုန်တိုင်း
#လင်းယုန်
#သားကောင်

Some text some message..