နှစ်ပေါင်း ၁၆၀၀ သက်တမ်းရှိတဲ့ ကမ္ဘာ့အကြီးဆုံး သစ်ပင်ကြီး
mmload.com
|
2022-10-24

ကျွန်တော်တို့ ကမ္ဘာပေါ်မှာ နှစ်ရှည်သစ်ပင်ကြီးများစွာရှိပေမယ့် ယနေ့အချိန်ထိ ကမ္ဘာ့အကြီးဆုံး မှတ်တမ်းဝင်ထားတာကတော့ Arbol del Tule လို့ခေါ်တဲ့ ထင်းရူးပင်ကြီးပါ။ဒီထင်ရူးပင်ကြီးက မက္ကဆီကိုနိုင်ငံ Oaxaca ပြည်နယ် Santa Maria del Tule မြို့လယ်မှာ ရှိတာဖြစ်ပြီး သက်တမ်းအားဖြင့် ၁၄၀၀ မှ ၁၆၀၀ ဝန်းကျင်လောက်ရှိပါတယ်။


ကျွန်တော်တို့ မြန်မာတွေ အယူအဆဆိုရင်တော့ မြို့ရဲ့ ဂုဏ်ကျက်သရေဆောင် တစ်ခုတည်းသော အထင်ကရ အပင်ကြီးပေါ့ဗျာ..။Arbol del Tule ဆိုတဲ့ နာမည်က စပိန်ဘာသာစကားဖြစ်ပြီး "Tree of Tule" လို့ အဓိပ်ပါယျရပါတယျ။


ကမ္ဘာပေါ်မှာတော့ အကြီးဆုံးသစ်ပင်ကြီးလို့လည်း ပြောလို့ရပါတယ်။မြေပြင်ကနေအထက် ၁.၃ မီတာခန့်မြင့်ပြီး အချင်း ၃၈ ပေ (၁၁.၆၂ မီတာ) နှင့် လုံးပတ် ၁၁၉ ပေ (၃၆.၂ မီတာ) ရှိထိရှိပါတယ်။ဒါ့အပြင် Arbol del Tule သစ်ပင်ကြီးက အမြင့် ၁၁၆ ပေ (၃၅.၄ မီတာ) ခန့်ရှိပါတယ်။


လက်ရှိမှာတော့ ဒေသတွင်း ရေပန်းအစားဆုံး ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်ထားနိုင်တဲ့ အပင်ကြီးလည်းဖြစ်ပါတယ်။ဒေသခံတွေကတော့ ဒီအပင်ကြီးရဲ့ အောက်မှာ ဖယောင်းတိုင်များထွန်းပြီး မီးရှူးမီးပန်းများဖြင့် မကြာခဏ ပူဇော်ကြတယ်လို့ သိရပါတယ်။



#မှတ်တမ်း
#သစ်ပင်
#မက္ကဆီကိုနိုင်ငံ
#ထင်းရူးပင်
#ArboldelTule

Some text some message..