ဘယ်သောအခါမှ အိပ်စက်လေ့ မရှိကြဘူးဆိုတဲ့ ပုရွက်ဆိတ်များ
mmload.com
|
2022-10-25

ပုရွက်ဆိတ်တွေ အိပ်ရောအိပ်ကြရက်လားလို့ တွေးဖူးပါကြလား။ ပုရွက်ဆိတ်တွေကို နေ့စဥ်အချိန်အမျိုးမျိုးမှာ မြင်တွေ့ရသလို ညဘက်တွေမှာတောင် ပုရွက်ဆိတ်တွေကို တွေ့ဖူးကြမှာပါ။ ဒါကြောင့်နဲ့ပဲ သူတို့တွေ မအိပ်ကြဘူးလို့ မထင်ပါနဲ့။


မအိပ်ဘူးဆိုရင် သူတို့တွေ ဘယ်လိုများ တက်ကြွကြမှာလဲ။သူတို့ခုလို တက်ကြွနေကြရတာဟာ သူတို့မှာ အင်မတန်ကိုမှ အံ့ဩဖွယ်ကောင်းတဲ့ ခဏတာအိပ်နိုင်စွမ်း ရှိ‌နေကြလို့ပါပဲ။ ပြောချင်တာကတော့ တခြားပုရွက်ဆိတ်တွေ ခဏတာမှေးနေချိန်မှာ တခြားပုရွက်ဆိတ်တွေကတော့ အမြဲအပြင်မှာရှိနေတတ်ပါတယ်။


ကံမကောင်းစွာပဲ ဒီအဓိပ္ပာယ်ဟာ ပုရွတ်ဆိတ်တွေက သင့်အိမ်ကို နေ့အချိန်မရွေး သို့မဟုတ် ညအချိန်မရွေး ကျူးကျော်နိုင်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။


ပုရွက်ဆိတ်များရဲ့ အိပ်စက်မှုစက်ဝန်းကို မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ပုရွက်ဆိတ်ဟာ တစ်နေ့ကို ပျမ်းမျှအားဖြင့် တစ်မှေး ၂၅၀ ခန့် အိပ်စက်လေ့ရှိပြီး တစ်ခုစီဟာ တစ်မိနစ်ကျော်ပဲ ကြာရှည်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါဟာ တစ်နေ့ကို အိပ်ချိန် 4 နာရီ 48 မိနစ်အထိ တိုးစေပါတယ်။


ပုရွက်ဆိတ်လုပ်သားများရဲ့ 80 ရာခိုင်နှုန်းဟာ အချိန်မရွေး နိုးကြားတက်ကြွနေကြောင်းလည်း သုတေသနပြုတွေ့ရှိခဲ့ပါသေးတယ်။ 


#သုတေသန
#နာရီ
#မိနစ်
#ပုရွက်ဆိတ်
#အိပ်စက်မှု

Some text some message..