နားမပါပေမယ့် အသံကိုကြားနိုင်ကြတဲ့ ပုရွက်ဆိတ်များ
mmload.com
|
2022-11-04

ပုရွက်ဆိတ်များဟာ ကိုလိုနီအဖြစ်လုပ်ဆောင်တဲ့ Formicidae မိသားစုမှ ဆင်းသက်လာတဲ့ ကျောရိုးမဲ့ အင်းဆက် ဖြစ်ပါတယ်။ ကိုလိုနီဆိုတာက အစုအဖွဲ့များစုဖွဲ့စည်းပြီး လုပ်ငန်းဆောင်တာများ ကိုယ်စီအသီးသီးခွဲယူကာ အသိုက်များဆောက်ကြတဲ့ အဖွဲ့ကို ဆိုလိုတာပါ။


ပုရွက်ဆိတ်တွေက သူတို့ရဲ့ လုပ်ငန်းဆောင်တာများ လုပ်ဆောင်နေတဲ့အခါမှာ တစ်ကောင်နဲ့တစ်ကောင် အချင်းချင်းအပြန်အလှန် ဆက်သွယ်မှုက လျင်မြန်စွာလုပ်ဆောင်နိုင်ကြတာကို သင်လည်း သတိပြုမိမှာပါ။ တစ်ခါတလေ ကျွန်တော် တွေးမိတာက ပုရွက်ဆိတ်တွေ အချင်းချင်း ဒီလိုဆက်သွယ်မှု လျင်မြန်စွာလုပ်ဆောင်နိုင်ကြတဲ့ အပေါ် သူတို့မှာ နားတွေပါလို့လား...၊ အသံရော ကြားနိုင်ကြသလားဆိုတာပါ။


ပုဆိတ်တွေက အရမ်းသေးငယ်တဲ့အင်းဆက်များဖြစ်လို့ သူတို့မှာ နားပါလား မပါဘူးလားဆိုတာကို ကျွန်တော်တို့တွေ့ အလွယ်တကူမမြင်နိုင်ကြပါဘူး။


ပုရွက်ဆိတ်များဟာအခြားအထီးကျန်တိရိစ္ဆာန်များထက် သာလွန်ကောင်းမွန်နေစေတဲ့ လူမှုရေးရှိကြတဲ့ အင်းဆက်များလို့လည်းဆိုကြပါတယ်။သူတို့က ကျွန်တော်တို့ လူသားတွေအပြင် အခြားတိရစ္ဆာန်များနှင့် မတူတဲ့ အတွက်ကြောင့် အသံထွက်တဲ့ ဖွဲ့စည်းပုံဆိုင်ရာမှာ ကြားနာခြင်းမျိုးမရှိကြပါဘူး။


ဒါကြောင့် သူတို့မှာ နားမရှိကြတာပါ။ နားမပါပေမယ့် တစ်ကောင်နဲ့တစ်ကောင် မကြားရလို့ မဆက်သွယ်နိုင်ကြဘူးလို့လည်း မဆိုလိုပါဘူး။လူသားတွေအတွက် အကြားအာရုံဟာ နားဖြင့်သာ ကြားရနိုင်ပေမယ့် ပုရွက်ဆိတ်များကတော့ အဲ့လိုမဟုတ်ကြပါဘူး။ သူတို့ရဲ့ ကိုယ်ခန္ဓာဖွဲ့စည်းပုံ ၊ အစိတ်အပိုင်းများနှင့် ယန္တရားများကနေတဆင့် အာရုံခံစားမှုကို ကြားနိုင်ပြီး အချက်ပြတာတွေကိုလည်း သိရှိကြတာ ဖြစ်ပါတယ်။ ပုရွက်ဆိတ်ခန္ဓာကိုယ်မှာ ရှိတဲ့ အင်တင်နာဟာ တုန်ခါမှုနှင့် အသံများကို အာရုံခံနိုင်စေဖို့ ကူညီပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့က နားမပါပေမယ့်လည်း အသံကို ကောင်းကောင်းကြီးကြားနိုင်ကြတာ ဖြစ်ပါတယ်။


#ခန္ဓာကိုယ်
#တိရစ္ဆာန်
#ပုရွက်ဆိတ်
#အသံ
#အင်းဆက်

Some text some message..