မတူညီတဲ့ဒေသက နွားတွေမှာ မတူညီတဲ့ အော်သံရှိကြောင်း ပညာရှင်များတွေ့ရှိ
mmload.com
|
2022-11-09

University of London မှ ဘာသာစကား ကျွမ်းကျင်သူများဟာ နွားများကို လေ့လာခဲ့ရာ မတူညီတဲ့ နွားများမှာ ကွဲပြားတဲ့ moos (အော်သံ) ရှိတာကို တွေ့ရှိခဲ့ပါတယ်တဲ့။ နို့စားလယ်သမားများဟာ သူတို့ရဲ့နွားများမှာ ညည်းသံအနည်းငယ်ကွဲပြား‌နေတာကို သတိပြုမိပြီးနောက် ဒီပြဿနာကို ဦးစွာအာရုံစိုက်လာခဲ့ကြတာပါ။


တိရစ္ဆာန်များဟာ လူသားများလို “ဒေသဆိုင်ရာ လေယူလေသိမ်း” များလည်း ရှိနိုင်ကြပါတယ်။ ကွဲပြားတဲ့ ဒေသများမှာနေထိုင်ကြတဲ့ ငှက်များမှာလည်း အလားတူ ဖြစ်စဉ်ကို တွေ့ရှိရပါတယ်။


မတူညီတဲ့ ဒေသဆိုင်ရာ လေယူလေသိမ်း နွားအော်သံဟာ တခြားဒေသကနေ ပေါက်ဖွားလာခြင်း‌ကြောင့်နဲ့ တခြားအတူတူကြီးပြင်းလာတဲ့ နွားတွေကြောင့် ဖြစ်ပါတယ်။ဘာနဲ့တူလဲဆိုရင် ကျွန်တော်တို့ရဲ့ လေယူလေသိမ်းဟာ မိသားစုနဲ့ သူငယ်ချင်းတွေဆီကြောင့် ပြောင်းလဲလာသလိုပါပဲ။


ဖြစ်စဉ်ကို သတိစပြုမိတဲ့ Somerset မှ လယ်သမားများက ဒီလိုဖြစ်ရခြင်းဟာ တိရစ္ဆာန်များကြားမှာ ရင်းနှီးတဲ့ သံယောဇဉ်ကြောင့် ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။



#ဘာသာစကား
#တိရစ္ဆာန်
#London
#သံယောဇဉ်
#လယ်သမား

Some text some message..