သင်သိပါသလား ဆူဒန်မှာ အီဂျစ်ထက် ပိရမစ်တွေ ပိုများတယ်ဆိုတာ
mmload.com
|
2022-11-14

သမိုင်းစာမျက်မှာ ရှေးခေတ်က အထင်ကရ ပိရမစ်များရှိတဲ့နိုင်ငံလို့ ပြောလိုက်တာနဲ့ လူ ၁၀၀ မှာ ၉၅ ယောက်က အီဂျင်နိုင်ငံလို့ ပြောကြမှာပါ။ အီဂျင်နိုင်ငံဟာ လျှို့ဝှက်ဆန်းကြယ်ပြီး ရှေးကျတဲ့ ပိရင်မစ်အဆောက်အအုံများစွာ တည်ရှိရာ နေရာလည်းဖြစ်ပါတယ်။


လူတော်တော်များများက ယနေ့အချိန်ထိ ပိရမစ်အများဆုံးရှိတဲ့ နေရာက အီဂျစ်လို့ပဲ သိထားကြတာပါ။ အမှန်တော့ ကမ္ဘာပေါ်မှာ အထင်ကရ ပိရမစ်များ အများဆုံးရှိတဲ့ နေရာက ဆူဒန်ပါ။ ဆူဒန်ဟာ အီဂျစ်ထက် ပိရမစ်အဆောက်အအုံးတွေက ပိုများပါတယ်။


အီဂျစ်နိုင်ငံရှိ ရှေးဟောင်းပိရမစ်အရေအတွက်ဟာ ဆူဒန်နှင့် နှိုင်းယှဥ်ပါက အကြမ်းဖျင်းအားဖြင့် ၁၃၈ ခုလောက်ပဲရှိတာပါ။ ဆူဒန်မှာတော့ မှတ်တမ်းများအရဆိုရင် ရှေးဟောင်း အထင်ကရ ပိရမစ်က ၂၀၀ မှ ၂၅၀ ကြားရှိတာကြောင့် ကမ္ဘာပေါ်မှာ ပိရမစ်အများဆုံးရှိတဲ့ နိုင်ငံဖြစ်ပါတယ်။


ဆူဒန်နိုင်ငံမှာတော့ နိုင်ငံရဲ့ အရှေ့ဘက်ရှိ သဲကန္တာရမှာ တည်ရှိပြီး Nubian Pyramids ဘုရင့်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Meroe ပိရမစ်များဟာ အီဂျစ်နိုင်ငံရဲ့ အံ့ဖွယ်ပိရမစ်တွေထက် များစွာနောက်ကျခဲ့ပြီးမှ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။



#မှတ်တမ်း
#ရှေးဟောင်း
#ဘုရင်
#အီဂျစ်
#ပိရမစ်

Some text some message..