
ဘဲ နှင့် ငန်း က အများအားဖြင့် ပုံပန်းသဏ္ဍာန်တူကြတာ ဖြစ်တာကြောင့် လူတော်တော်များများက တူကြတယ်လို့ မကြာခဏမှားတတ်ကြပါတယ်။

သိပ္ပံပညာရှင်များကတော့ ဘဲ နှင့် ငန်းများကြား ကွဲပြားတဲ့ အဓိကအချက်ကို သူတို့ရဲ့ လည်ပင်းမှာရှိတဲ့ အရိုးဘယ်လောက်ရှိတာကို အခြေခံထားတာပါ။ဘဲတွေရဲ့ လည်ပင်းမှာ အရိုး ၁၆ ခုလောက်ရှိပေမယ့် ငန်းတွေရဲ့ လည်ပင်မှာ အရိုး ၁၇ ခုမှ ၂၄ ခုခန့်လောက်ရှိပါတယ်။

ဆိုလိုတာက ငန်းတွေက ဘဲတွေထက် လည်ပင်းပိုရှည်တယ်လို့ ဆိုလိုတာပါ။ ပြီးတော့ အရွယ်အစားဖြင့် နှိုင်းယှဉ်ကြည့်မယ်ဆိုရင်လည်း ငန်းတွေက ပိုပြီးကြီးကြပါတယ်။ ဒါပေမယ့် ဘဲတွေက ငန်းတွေထက်စာရင် အရောင်အသွေးပိုင်းမှာ ပိုပြီးစုံစုံလင်လင်ရှိပါတယ်။မိတ်လိုက်တဲ့ရာသီကို ကြည့်မယ်ဆိုရင်လည်း ဘဲတွေက မိတ်လိုက်ရာသီတိုတောင်းပြီး ငန်းများက ဘဲများထက် သက်တမ်းပိုရှည်ကြပါတယ်။

ပြီးတော့ ဘဲတွေက ပျမ်းမျှသက်တမ်း ၁၀ နှစ်လောက်ရှင်သန်နိုင်ရင် ငန်းတွေက အနှစ် ၂၀ လောက်ထိ အေးဆေးရှင်သန်နိုင်ပါတယ်။နောက်တစ်ခု မတူတာကတော့ ဘဲတွေက နေရာ ရွှေ့ပြောင်းနေထိုင်ခြင်း မပြုကြပေမယ့် ငန်းတွေကတော့ နှစ်စဥ်နှစ်တိုင်း တစ်နေရာနဲ့တစ်နေရာ ရွှေ့ပြောင်းနေထိုင်ကြပါတယ်။