
အမေရိကန်ပြည်ထောင်စုနဲ့ မက္ကဆီကိုနိုင်ငံအနောက်ပိုင်းမှာ တွေ့ရှိရတဲ့ Pallid Bat ဆိုတဲ့လင်းနို့ (Antrozous pallidus) ဟာ ကင်းမြီးကောက်များအပါအဝင် မြေပြင်မှာရှိတဲ့ သားကောင်မျိုးစုံကို အမဲလိုက်ကြပါတယ်။

လင်းနို့ဟာ ကင်းမြီးကောက်အဆိပ်ကို ခံနိုင်ရည်ရှိကြောင်း သက်သေအထောက်အထားများက ညွှန်ပြပေမယ့်လည်း စနစ်တကျလေ့လာမှုတော့ မပြုလုပ်ခဲ့ကြပါဘူး။သေးငယ်တဲ့ ဒီလင်းနို့ဟာ အရီဇိုးနားအခေါက်ကင်းမြီးကောက် Centruroides sculpturatus ရဲ့ အဆိပ်ကို ခံနိုင်ရည်ရှိပြီး ပညာရှင်တွေက အဆိပ်ကို အပြုအမူဆိုင်ရာ တိုင်းတာမှုများနှင့် တိုက်ရိုက်ထိုးသွင်းခဲ့ကြပါတယ်။

ရလဒ်များအရ သေးငယ်တဲ့ ဒီလင်းနို့ဟာ အမဲလိုက်နေစဉ်အတွင်း အကြိမ်များစွာ ထိုးစိုက်ခံရပေမယ့်လို့ သူအနေနဲ့ ဘာမှမသိရှိ မခံစားရပါဘူး။အဲ့အပြင် mouse LD50 ပြင်းအား (1.5 mg/kg) မှာ အဆိပ်ကို တိုက်ရိုက်ထိုးသွင်းခြင်းဟာ လင်းနို့ရဲ့ အပြုအမှုအပေါ် သက်ရောက်မှုမရှိပါဘူး။

အမြင့်ဆုံးအာရုံစူးစိုက်မှု (10 mg/kg) မှာတော့ လင်းနို့လေးကောင်မှာ သုံးကောင်ဟာ အာနိသင်မပြပါဘူး။ Scorpion venom ဟာ အဆိပ်အတောက် ကော့တေးဖြစ်ပြီး အချို့မှာ ဆိုဒီယမ်အိုင်းယွန်းလိုင်းများကို လှုံ့ဆော်ပေးကာ ပြင်းထန်တဲ့ နာကျင်မှုကို ဖြစ်စေပါတယ်။ ဒါကိုတောင်မှ ဒီလင်းနို့တွေက ခံနိုင်ရည်ရှိပါတယ်တဲ့။