လူသားတွေလိုမျိုး နှင်းဘောလုံးတွေနဲ့ ပစ်ပေါက်ကစားကြလေ့ရှိတဲ့ ဂျပန်မျောက်များ
mmload.com
|
2022-11-24

နှင်းမျောက်လို့လည်း လူသိများတဲ့ ဂျပန် Macaque များဟာ နှင်းထဲမှာ ကစားခြင်းကို နှစ်သက်တာကြောင့် လူသိများပါတယ်။ သူတို့ဟာ နှင်းဘောလုံးများဖန်တီးကာ အပျော်သဘောဖြင့် ကစားတတ်ကြပါတယ်။ဒီနှင်းမျောက်များဟာ နှင်းဘောလုံးများ လှိမ့်တက်ကာ ဘောလုံးတွေကို တောင်ကုန်းပေါ်ကနေ တွန်းချတတ်ပါသေးတယ်။


အခြားသူများမှာ နှင်းလုံးများကို စုပြီး သယ်ဆောင်သွားပြီး တစ်ခါတစ်လေ ဒီနှင်းလုံးတွေကို ခိုးယူမယ့် တခြားမျောက်တွေကိုကြည့်ပြီး သူတို့ဟာ ဂုဏ်ယူစွာနဲ့ သယ်ဆောင်သွားတတ်ကြပါတယ်။နှင်းမျောက်များဟာ ဂျပန်နိုင်ငံ ဇာတိဖြစ်ပြီး နှင်းထဲမှာ ဆော့ကစားခြင်းကို နှစ်သက်ခြင်းကြောင့် သူတို့ဟာ နိုင်ငံအတွင်း လူကြိုက်များပြီး ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်တဲ့ အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ ယူဆထားကြပါတယ်။


နှစ်စဉ်နှစ်တိုင်း လူထောင်ပေါင်းများစွာဟာ ဂျပန်နိုင်ငံအလယ်ပိုင်းရှိ Jigokudani Monkey Park ဆီ နှင်းမျောက်များနဲ့ သူတို့ရဲ့ သဘာဝနေရင်းနေရာများ ကြည့်ရှုဖို့ လာရောက်တတ်ကြပါတယ်။နှင်းမျောက်မျာဟာ အေးတဲ့ဆောင်းရာသီမှာ နွေးထွေးစေဖို့အတွက် နှင်းဘောလုံးများနှင့် စတင်ကစားကြတယ်လို့ ယူဆထားခဲ့ကြပါတယ်။ ဒါပေမယ့် ယခုအခါမှာတော့ သူတို့ဟာ အပျော်သဘောသက်သက် ပြုလုပ်တယ်လို့ ယုံကြည်ကြပါတယ်။


သူတို့ဟာ နှင်းဘောလုံးများကို တောင်ကုန်းများပေါ်ကနေ လှိမ့်ချကာ အချင်းချင်း ပစ်ကြပြီး ပါးစပ်ထဲတောင် ထည့်ပြီး သယ်ဆောင်သွားတတ်ကြောင်း လူသိများပါတယ်။နှင်းမျောက်များဟာ နှင်းဘောလုံးများနှင့် ကစားခြင်းကို လူမှုရေးကစားနည်းတစ်ခုအဖြစ် နှစ်သက်ကြောင်း သိပ္ပံပညာရှင်အချို့က သတ်မှတ်ယုံကြည်ကြပါတယ်။ နှင်းဘောလုံးတွေနဲ့ ကစားခြင်းအားဖြင့် မျောက်တွေဟာ တစ်ယောက်နဲ့တစ်ယောက် ပေါင်းသင်းဆက်ဆံနိုင်ပြီး လူမှုဆက်ဆံရေးကို တည်ဆောက်နိုင်မယ်လို့ ယူဆကြပါတယ်။



#သဘာဝ
#ခရီးသည်
#သိပ္ပံ
#နှင်းဘောလုံး
#ဂျပန်မျောက်

Some text some message..