သင်မသိသေးတဲ့ ကမ္ဘာပေါ်ရှိ အသက်အကြီးဆုံး ခွေးမျိုးစိတ် (၆) မျိုး
mmload.com
|
2022-11-25

ခွေးတွေဟာ လူသားတွေရဲ့အကောင်းဆုံးမိတ်ဆွေ သူငယ်ချင်းဖြစ်တာကို ကျွန်တော်တို့တွေ အားလုံး သိထားပြီးသားပါ။ကျွန်တော်တို့ လူ့သမိုင်းမှာလည်း  ခွေးတွေကအရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ပတ်သက်မှုရှိခဲ့ကြပါတယ်။ ခွေးတွေနှင့် လူတွေဘယ်အချိန်ကတည်းက စတင်ပတ်သက်ခဲ့တာလဲဆိုတာကို အချို့က မေးခွန်းထုတ်ခဲ့ကြတာ ရှိပါတယ်။ သမိုင်းပညာရှင်တွေရဲ့အဆိုအရဆိုရင် ဥရောပသားမုဆိုးများဟာ ဝံပုလွေမျိုးစိတ်တွေနဲ့ စတင်ထိတွေ့တဲ့အခါလွန်ခဲ့သောနှစ်ပေါင်း ၁၈,၈၀၀ နှင့် ၃၂,၁၀၀ ကြားမှာ လူသားနှင့်ခွေးများကြား ဆက်ဆံရေးကို စတင်ဖွဲ့စည်းခဲ့တာလို့ ဆိုထားတာ ရှိပါတယ်။

အဆိုပါအစောပိုင်း ခွေးမျိုးစိတ်များဟာ ကွယ်လွန်သွားပေမယ့် ခေတ်မီတဲ့ မျိုးစိတ်များစွာ ကျန်ရှိခဲ့ပါတယ်။ယခုဖော်ပြပေးမှာကတော့ ယနေ့ခေတ် လူသားတွေကြားမှာ ရေပန်းစားတဲ့အိမ်မွေးတိရစ္ဆာန်များအဖြစ် ကျန်ရှိနေတဲ့ ကမ္ဘ့ာအသက်အကြီးဆုံး ခွေးမျိုးစိတ်အကြောင်းကိုဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

(၁) Chow Chow


Chow Chow ဆိုတဲ့ ခွေးမျိုးစိတ်ဟာ တရုတ်နိုင်ငံမြောက်ပိုင်း အအေးပိုင်းဒေသမှာ ပေါက်ဖွားလာတယ်လို့ ယုံကြည်ကြပါတယ်။ အချို့ကတော့ Chow Chow ကို ခြင်္သေ့ခွေးလို့လည်း ခေါ်ကြပါတယ်။

(၂) Shar Pei


Shar Pei ခွေးမျိုးစိတ်တွေကိုရှေးခေတ်တရုတ်လူမျိုးတွေက အိမ်စောင့် (သို့) တောဝက်တွေကို အမဲလိုက်တဲ့ နေရာမှာ အသုံးပြုခဲ့ကြတာပါ။

(၃) Salukis


Salukis ခွေးမျိုးစိတ်ဟာ DNA အထောက်အထားအရ ဝံပုလွေတွေနဲ့ ကွဲပြားမှုအနည်းဆုံးမျိုးစိတ် ၁၄ မျိုးမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တကယ်တော့ ဒီမျိုးစိတ်ဟာ ကမ္ဘာ့အသက်အကြီးဆုံးခွေးမျိုးစိတ်အဖြစ် ဂင်းနစ်မှတ်တမ်းစာအုပ်မှာ အသိအမှတ်ပြုထားပါတယ်။

(၄) Samoyed


Samoyede မျိုးနွယ်စုဟာ ခရစ်ယာန်မကိုးကွယ်မီအနည်းဆုံး အနှစ်တစ်ထောင်ခန့်က အာရှအလယ်ပိုင်းကနေ အာတိတ်ဒေသကိုပြောင်းရွှေ့လာကြောင်း အထောက်အထားများစွာ ရှိခဲ့ပါတယ်။ ၁၈၀၀ ခုနှစ်မှာတော့ ဒီမျိုးစိတ်ကိုအင်္ဂလန်ကို ပထမဆုံး ခေါ်ဆောင်လာခဲ့ပြီး တစ်ကောင်ကို မျိုးပွားကာ ဘုရင်မကြီး Alexandra အား လက်ဆောင်ပေးခဲ့ပါတယ်။

(၅)  Alaskan Malamute


Alaskan Malamute မျိုးစိတ်ကတော့လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ မှ ၃၀၀၀ ဝန်းကျင်ခန့်က Mahlemut မျိုးနွယ်မှပေါက်ဖွားခဲ့တဲ့ ရှေးကျတဲ့ Arctic sled ခွေးမျိုးထဲက ဖြစ်ပါတယ်။


(၆) Basenji

Basenjis မျိုးစိတ်များဟာကမ္ဘာပေါ်မှာ ရှေးအကျဆုံး ခွေးမျိုးစိတ်များထဲမှ တစ်မျိုးဖြစ်ပြီး လစ်ဗျားမှာ ဘီစီ၆၀၀၀ ဝန်းကျင်က တွေ့ရှိခဲ့တဲ့ ဂူပန်းချီများမှာ ဖော်ပြထားတဲ့ အမဲလိုက်ခွေးဖြစ်လို့ယုံကြည်ကြပါတယ်။


#ChowChow
#Alaska
#SharPei
#Salukis
#ခွေးမျိုးစိတ်

Some text some message..