မျိုးနွယ်တစ်ခုလုံး အမတွေပဲရှိပြီး အထီးဘယ်တော့မှ မမွေးကြတဲ့ အိမ်မြှောင်များ
mmload.com
|
2022-11-28

Mourning Geckos (အိမ်မြှောင်တစ်မျိုး ) မျိုးပွားနည်းမှာ ထူးခြားတဲ့ နည်းလမ်းတစ်ခုရှိပါတယ်။ ဒါဟာ ဒီတောက်တဲ့နဲ့ တခြားတွားသွားသတ္တဝါတွေကို အထီးမပါဘဲနဲ့ မျိုးပွားခွင့်ပြုတဲ့ လိင်တူမျိုးပွားမှု တစ်မျိုးဖြစ်ပြီး parthenogenesis လို့ခေါ်ပါတယ်။


ဟုတ်ပါတယ် ဒီမျိုးနွယ်အိမ်မြောင်တွေ အားလုံးဟာ အမတွေပဲ မွေးပါတယ်။ Mogning Geckos ဟာ ပြောရရင် သူတို့ရဲ့ မိခင်များ မွေးထုတ်ထားတဲ့ မိခင်များရဲ့ ကိုယ်ပွားများဖြစ်ပါတယ်။ဒီအိမ်မြှောင်မျိုးနွယ်များဟာ မယုံနိုင်လောက်အောင် ကြီးမားတဲ့ ဇာတိနယ်မြေတစ်ခုရှိပြီး ဟာဝိုင်အီ အပါအဝင် တစ်ကမ္ဘာလုံးမှာ နေထိုင်ကြပါတယ်။


သေးငယ်ပြီး ထူးခြားတဲ့ ဒီအိမ်မြှောင်များဟာ ပင်ကိုယ်စရိုက်များစွာရှိပြီး တောရိုင်းတွေထဲမှာလည်း မြင်တွေ့နိုင်ပါတယ်။ အိမ်မြှောင်ဟာ အရှေ့တောင်အာရှနှင့် ပစိဖိတ်ကျွန်းစုများမှ ဇာတိဖြစ်ပြီး သူတို့ဟာ ကမ္ဘာတစ်ဝှမ်းသွားလာနေတာကြောင့် သြစတြေးလျ၊ အလယ်ပိုင်း နဲ့ တောင်ပိုင်း အမေရိက အပြင် အာဖရိကတို့မှာ တွေ့ရှိရပါတယ်။


အိမ်မြှောင်အကောင်ငယ်လေးများဟာ အပူချိန်ပြောင်းလဲမှုများကို အလွန်ခံနိုင်ရည်ရှိပြီး မွေးမြူရေးဆိုင်ရာ ပြဿနာအများစုကို လျစ်လျူရှူနိုင်ကြပါတယ်။ တောရိုင်းထဲမှာနေတဲ့ ဒီအိမ်မြှောင်မျိုးနွယ် အစားအစာများမှာ အင်းဆက်များ၊ ပန်းများ နှင့် ဝတ်ရည်များ ပါဝင်ပါတယ်။ သူတို့ဟာ ပျံသန်းခြင်းမရှိတဲ့ သစ်သီးယင်ကောင်များ၊ ပုရစ်များ၊ ပဲပင်ပိုးများနှင့် Dubia roaches များအပြင် ကျောရိုးမဲ့သတ္တဝါလေးများကို စားသုံးကြပါတယ်။



#အစားအစာ
#အာရှ
#သတ္တဝါ
#မျိုးနွယ်
#အိမ်မြှောင်

Some text some message..