
လူသားများဟာ ယဉ်ကျေးမှုများကို တည်ဆောက်ခဲ့ကြပေမယ့်လည်း အင်းဆက်များက ကမ္ဘာကြီးကို ပိုင်ဆိုင်ကြပါတယ်။ အားလုံးသိကြတဲ့အတိုင်း မျိုးစိတ်အားလုံးရဲ့ ထက်ဝက်ကျော်ဟာ အင်းဆက်တွေပါ။ ဒါကြောင့် သူတို့အားလုံး ရုတ်တရက် ပျောက်ကွယ်သွာရင် သတိပြုမိပါလိမ့်မယ်။ ပုစဉ်းရင်ကွဲတွေနဲ့ လင်းထိန်နေတဲ့ ပိုးစုန်းကြူးလေးတွေ သီဆိုတဲ့ နွေရာသီတွေဆိုတာ မရှိတော့ပါဘူး။ ပန်းသီး၊ ချယ်ရီ၊ မက်မွန်သီး၊ ဗာဒံပင်များ ဝတ်မှုန်ကူးဖို့ ပျားများမရှိတော့သလို ပျားရည်လုပ်မယ့် သူလည်းမရှိပါဘူး။ ပိုးမွှားကင်းစင်တဲ့ ကမ္ဘာဆိုတာဟာ ကုန်စုံဆိုင်စင်များ လွတ်နေတဲ့ ကမ္ဘာကို ဆိုလိုပါတယ်။

ဒါပေမယ့် အဲဒါက ကျွန်တော်တို့ရဲ့ ပြဿနာတွေရဲ့ အစပဲ ဖြစ်ပါလိမ့်မယ်။ အခုတော့ ဘယ်အရာက ဘာဖြစ်သွားမယ်ဆိုတာ အတိအကျ မပြောနိုင်ပေမယ့် အင်းဆက်တွေအားလုံး ပျောက်သွားရင် ဘာဖြစ်နိုင်မလဲဆိုတာကတော့ အဆိုးဆုံး အခြေအနေတစ်ခုပါပဲ။လူတွေအနေနဲ့ တချို့အင်းစက်တွေ ပျောက်သွားလို့ ဝမ်းသာကြတာမျိုးရှိနိုင်ပါတယ်။ ဥပမာ ခြင်တွေပေါ့။ သူတို့ဟာ ငှက်ဖျား၊ West Nile ဗိုင်းရပ်စ်နှင့် အခြားရောဂါများကို ကူးစက်ခြင်းဖြင့် နှစ်စဉ် လူထောင်ပေါင်းများစွာကို သတ်ဖြတ်လျက်ရှိပါတယ်။ ဒါပေမယ့် မနက်ဖြန်မှာ သူတို့ ပျောက်ကွယ်သွားခဲ့ရင် ကျွန်တော်တို့ဟာ သူတို့ကို လွမ်းနေပါလိမ့်မယ်။

ကမ္ဘာပေါ်မှာ ခြင်မျိုးစိတ်ပေါင်း 3,000 ကျော်ရှိပြီး သူတို့အားလုံးဟာ ငှက်များ၊ လင်းနို့များ၊ ဖားများနှင့် အခြားတိရစ္ဆာန်များအတွက် အစာများဖြစ်ပါတယ်။ ခြင်တွေမရှိတော့ရင် ဒီသတ္တဝါတွေအနေနဲ့ ဆာလောင်လာနိုင်တယ်။ ကြောက်စရာကောင်းတဲ့ ပိုးဟပ်၊ ငှက်များ၊ ကြွက်များနှင့် ကမ္ဘာ့နေရာအချို့ရှိ လူသားများအတွက် ပရိုတင်းထုပ်ပိုးထားတဲ့ အစားအစာဟာလည်း အတူတူပါပဲ။ တကယ်လို့ ကျွန်တော်တို့ဟာ ပိုးကောင်မျိုးစိတ်ပေါင်း 4,400 အားလုံးကို ဆုံးရှုံးသွားခဲ့ရင် ဂေဟစနစ်တစ်ခုလုံး ရှင်သန်ဖို့ ရုန်းကန်ရပါလိမ့်မယ်။ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ကမ္ဘာ့အကြီးကျယ်ဆုံး ပြန်လည်အသုံးပြုသူဖြစ်တဲ့ မစင်ပိုးမွှားမွှား (ချီးဂျပိုး) ပြဿနာကို ကျွန်တော်တို့ရင်ဆိုင်ရမှာဖြစ်တာကြောင့် ဆိုးရွားတဲ့ပြဿနာများကို ရင်ဆိုင်ရဦးမှာပါ။ချီးဂျပိုးတွေ အရေးပါပုံဟာ သမိုင်းထဲမှာ ရှိခဲ့ပါတယ်။

1788 မှာ ဗြိတိသျှတို့ဟာ ဩစတေးလျကို နွားများကို မိတ်ဆက်ပေးခဲ့ပြီး ဒီနွားများ အများအပြား ဝမ်းသွားခဲ့ပါတယ်။ နွားတစ်ကောင်စီရဲ့မစင်ဟာ တစ်နှစ်ကို တင်းနစ်ကွင်းငါးခု ပြည့်ဖို့ လုံလောက်ပါတယ်။ ဒါပေမယ့် ဗြိတိန်က မစင်ပိုးကောင်တွေဟာ နွားချေးတွေကို ဖြိုခွဲစားသောက်နေချိန် သြစတြေးလျဇာတိ ပိုးကောင်လေးတွေကတော့ ခြောက်သွေ့ပြီး အဖုအပိမ့်ချေးတွေကိုပဲ စားလာတဲ့အတွက် အဲ့ဒီချေးတွေကို မထိမိကြပါဘူး။ ဒီလိုနဲ့ နွားချေးတွေ စုပုံလာပါတယ်။

1960 မှာ နွားများရဲ့ မစင်ဟာ စားကျက်ဧက 500,000 ခင်းနိုင်ခဲ့ပါတယ်။ Rhode Island ရဲ့ တစ်ဝက်ကျော်ကို ဖုံးလွှမ်းဖို့ လုံလောက်ပြီး အမှိုက်အနည်းငယ်ဟာ ဓာတ်မြေသြဇာအတွက် အလွန်ကောင်းပေမယ့်လည်း ဒီမစင်ရဲ့ ရေဟာ အပင်များကို နိုက်ထရိုဂျင်ဖြင့် ရေလွှမ်းစေပြီး ဘယ်အရာမှ ကြီးထွားဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် မစင်ပိုးကောင်မျိုးစိတ်ပေါင်း ၈၀၀၀ စလုံးနှင့် ယင်ကောင်လို အခြား မစင်စားတဲ့ အင်းဆက်များ ကမ္ဘာတစ်ဝှမ်းမှာ ပျောက်ကွယ်သွားမယ်ဆို စိတ်ကူးကြည့်ပါ။