
                                                                                                        သားပိုက်ကောင်တွေဟာ သူတို့ရဲ့ နေ့စဉ်ဘဝမှာ လက်ဝှေ့ထိုးခြင်း နှင့် တိုက်ခိုက်များဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်ကြပါတယ်။ သူတို့တွေ ဘယ်လိုတိုက်ကြလဲဆိုရင် အရင်ဦးဆုံး သန်မာတဲ့ အမြီးနဲ့ နောက်ခြေထောက်တွေကို အသုံးပြုပြီး မတ်တပ်ရပ်ကြပါတယ်။
                                                                                                

                                                                                                 ပြီးတော့  ကျွန်တော်တို့ လူသားများလို လက်နှင့် ခြေထောက်တွေကို အသုံးပြုပြီး ပြိုင်ဘက်ကို တိုက်ခိုက်ကြပါတယ်။သားပိုက်ကောင်ငယ်များဟာ ရွှတ်နောက်နောက် ရန်ဖြစ်ကြပေမယ့် အသက်ကြီးလာသည်နှင့်အမျှ တိုက်ပွဲများ ပိုမိုပြင်းထန်လာပါတယ်။
                                                                                                

                                                                                                 ဘာကြောင့် သားပိုက်ကောင်တွေ တိုက်ခိုက်ကြလဲဆိုရင် အဓိက အကြောင်းအရင်း နှစ်ခုရှိပါတယ်။ဒါကတော့ အခြားသူတွေ သူတို့ကို သတိထားမိအောင် တိုက်ခိုက်ရယ် နှင့် အမတွေကို ချစ်ရေးဆိုရဖို့ အဓိက ပြိုင်ဘက်တွေနဲ့ တိုက်ခိုက်ကြတာ ဖြစ်ပါတယ်။ 
                                                                                                

                                                                                                ကျွန်တော် လူသားတွေဆိုရင် တိုက်ခိုက်ရေးရာမှာ ဆရာကျတဲ့ သားပိုက်ကောင်တွေနဲ့ လက်ဝှေ့ထိုးပွဲတွေ ကျင်းပကြတာလည်း ရှိပါတယ်။ တခါတလေ သူတို့အနားကို သွားကပ်မိလို့ ပြန်အထိုးခံရတဲ့ လူတွေလည်း မနည်းတော့ပါဘူး။
                                                                                                
