မြင်း နဲ့ နွားမှာ ဘာတွေ တူကြသလဲ…?
mmload.com
|
2023-01-12

မြင်းနှင့်နွားဟာ မျိုးစိတ်ကွဲပြားပေမယ့် တကယ်တော့ သူတို့နှစ်ကောင်မှာ ဆင်တူရိုးမှာ အချို့ရှိပါတယ်။အဲ့တာ ဘာတွေလဲဆိုတာ သင်လဲ သတိထားတွေ့ဖူးတဲ့ အရာတွေပါ။ သူတို့ဟာ နို့တိုက် သတ္တဝါများဖြစ်ကြပြီးခွာများလည်း ရှိကြသလို တစ်ကောင်ချင်းစီမှာ အံသွား ၁၂ ချောင်း ၊ အံကြို ၁၂ ချောင်း စုစုပေါင်းအံသွား ၂၄ ချောင်းစီ အချိုးအစားကျ ရှိကြပါတယ်။


Photo Credit – From Google

နွားရဲ့သွားတွေကတော့ သူတို့ရဲ့ ပါးစပ်နောက်ဘက်မှာရှိပြီး မေးရိုးအပေါ်နှင့် အောက်မေးရိုးများကြား တစ်ဖက်ကို အညီအမျှ ခြောက်ချောင်းစီရှိပေမယ့်ရှေ့သွားများကတော့ မရှိကြပါဘူး။ ရှေးသွားများရဲ့ အပေါ်ဆုံးသွားများအစား အလွန်ကြမ်းတမ်းတဲ့သွားဖုံးပဲရှိပါတယ်။


Photo Credit – From Google


Photo Credit – From Google

မြင်းသွားများကတော့နွားများထက် သွားများပိုများပြီး ထူးဆန်းတာဟာ မြင်းများကြားမှာ အရေအတွက် ကွဲပြားတတ်ပါတယ်။ မြင်းများဟာ  အသက်၅  နှစ်အရွယ်မှာအနည်းဆုံး သွား ၃၆ ချောင်းရှိပေမယ့် သွား ၄၄ ချောင်းအထိပေါက်နိုင်ပါတယ်။


Photo Credit – From Google


Photo Credit – From Google

ပြီးတော့နွားတွေလို ပါးစပ်ရဲ့ အနောက်ဘက် အပေါ်နှင့်အောက်မှာ အံသွား ၂၄ ချောင်း တစ်ဖက်စီရှိပါတယ်။ဒါပေမယ့် နွားနဲ့မတူကတော့မြင်းမှာ အပေါ်ဘက် ၆ ချောင်း နဲ့ အောက်ခြေ ၆ ချောင်း ရှိပါတယ်။ အချို့မြင်းများမှာတော့အံသွားနှင့် အမြှေးများကြားမှာ ခွေးသွားလေးငါးချောင်းရှိပေမယ့် အထီးတွေထက်အမက ပိုအဖြစ်များပါတယ်။ မြင်းနှင့် နွားကို မွေးဖူးတဲ့ တွေဆိုရင်တော့ ဘာတွေကွာခြားလဲ၊ ဘာတွေတူလဲဆိုတာ သိကြမှာပါ။


Photo Credit – From Google


#သတ္တဝါ
#အံသွား
#မေးရိုး
#ပါးစပ်
#အံကြို

Some text some message..