မြေအောက်မှာ အင်းစက်တွေလိုမျိုး နေထိုင်တတ်ကြတဲ့ အမွှေးမရှိကြွက်များ
mmload.com
|
2023-01-18

ကမ္ဘာပေါ်မှာ မြေအောက်နေထိုင်မှုပုံစံနဲ့ လိုက်လျောညီ‌ထွေရှိတဲ့ ကြွက်မျိုးတွေ အများကြီးရှိပါတယ်။ ဒီထဲမှာ လူသိအများဆုံး ကြွက်ကတော့ အမွှေးမရှိတဲ့ ကြွက်ဖြစ်ပါတယ်။ ဒီကြွက်ဟာ အမွှေးမရှိဘဲ အရေးအကြောင်းတွေနဲ့ပြည့်နေပြီး သေးငယ်တဲ့ ကြွက်ပါပဲ။ သူ့ရဲ့သွားတွေကိုလည်း ထင်ထင်ရှားရှား မြင်တွေ့ရမှာဖြစ်ပါတယ်။



အမွှေးမရှိတဲ့ ကြွက်တွေဟာ ကြွက်တွေဖြစ်‌နေကြပေမယ့်လို့ အင်းဆက်များစွာရှိတဲ့ အသိုင်းအဝိုင်းမှာ နေထိုင်ကြပါတယ်။ ကြွက်ဒါဇင်ပေါင်းများစွာဟာ ဘုရင်မတစ်ပါးဖြစ်တဲ့ ကြွက်ကြီး ဦးဆောင်တဲ့ အဖွဲ့မှာ အတူတကွနေထိုင်ကြပါတယ်။ အချို့အင်းဆက်တွေလိုပဲ ဘုရင်မဟာ ပေါက်ပွားလာတဲ့ ကြွက်လေးတွေကို သူမပဲ နို့ရည်တိုက်ကျွေးတာဖြစ်ပါတယ်။



အလုပ်သမားကြွက်တွေဟာ သူတို့ရဲ့ ထင်ရှားတဲ့ သွားတွေနဲ့ အနံ့ခံနိုင်စွမ်းကို အသုံးပြုကြပြီး မျိုးရိုးတစ်ခုလုံးနေထိုင်တဲ့ ‌မြေတွင်းတွေ တူးကြပါတယ်။ အဲ့ဒီအပြင် သူတို့ဟာ သူတို့ရဲ့ အဖွဲ့တစ်ခုလုံး စားသုံးဖို့အတွက် အမြစ်တွေနဲ့ သစ်သီးတွေကိုလည်း စုဆောင်းကြပါသေးတယ်။ အခြားကြွက်တွေဟာ ဘုရင်မကို ရန်ပြုတတ်ကြပါတယ်။




#အလုပ်သမား
#မြေတွင်း
#အင်းဆက်
#အရေးအကြောင်း
#သစ်သီး

Some text some message..