
လျှို့ဝှက်ဆန်းကြယ်တဲ့ပင်လယ်ရေနေသတ္တဝါတွေထဲမှာ ပင်လယ်နတ်ဆိုးလို့တောင် ခေါ်ရတဲ့ Black Sea Devil ငါးမျိုးတစ်မျိုးလည်းပါဝင်ပါတယ်။ ဒီငါးမျိုးစိတ်က ကျွန်တော်တွေ့ဖူးသမျှ ငါးတွေထဲမှာတော့ တော်တော်လေး ထူးဆန်းတယ်လို့ပြောလို့ရပါတယ်။ တချို့ သိပ္ပံဇာတ်ကားကြီးတွေမှာ ဒီလိုငါးတွေနဲ့ တူတဲ့ ဇာတ်ကောင်တွေလည်းပါဝင်ပါတယ်။

Photo Credit – From Google

Photo Credit – From Google
ငါးမှာ ထူးခြားတာကတော့အခြားငါးတွေနဲ့ မတူတဲ့ အပ်ထက်ချွန်ထက်တဲ့ သွားများရှိတဲ့ပြင် ဂြိုလ်သားငါးတွေလို သူတို့ရဲ့ဦးခေါင်းမှာ ရှည်လျားတဲ့ ဦးမှင်တံတစ်ခုလည်း ပါတာတွေ့ရပါတယ်။ အဲ့ဒီ ဦးမှင်တံက ကျွန်တော်ထင်တယ်ဗျ…သူတို့အချင်းချင်းဆက်သွယ်တာ ဒါမှမဟုတ် ရန်သူ ၊ သားကောင်တွေကို ထောက်လှမ်းတဲ့ နေရာတွေမှာ အသုံးများတယ်လို့ယူဆပါတယ်။

Photo Credit – From Google

Photo Credit – From Google
ပြီးတော့သူတို့ရဲ့ ခန္ဓာကိုယ်နှင့် ဦးခေါင်းအရွယ်အစားက မမျှတဘူးလိုထင်တယ်။ ဦးခေါင်းရဲ့ အရွယ်အစားကကြီးနေသလောက် ခန္ဓာကိုယ်က တော်တော်လေးသေးတဲ့ အထဲမှာပါပါတယ်။ သုတေသန ပညာရှင်များရဲ့လေ့လာချက်တွေမှာတော့ Black Sea Devil အမတွေဟာ အလင်းငါးများနှင့် bristlemouths လိုသားကောင်များကို ဆွဲဆောင်ရာမှာ သူတို့ရဲ့ ဇီဝအလင်းတန်း"ဦးမှင်တံများ" ကို အသုံးပြုကြတယ်လို့ ဆိုတယ်။ ပြီးတော့ ဒီငါးတွေရဲ့ ဝမ်းဗိုက်တွေဟာသူတို့ထက်ပိုကြီးတဲ့ သားကောင်တွေကို မျိုချနိုင်တယ်လို့ သိရပါတယ်။ ဒီငါးမျိုးစိတ်တွေကတော့ရှားပါး ငါးမျိုးစိတ်ဖြစ်ပေမယ့် ကမ္ဘာ့ပင်လယ်များရဲ့ မည်သည့်နေရာ မဆိုတွေ့ရနိုင်ပါတယ်။

Photo Credit – From Google
Source- en.wikipedia