တစ်ချိန်က အတ္တလန်တိတ်မှာ ရှင်သန်ခဲ့တဲ့ ဧရာမ ခရုကြီးများ
mmload.com
|
2023-02-11

ယနေ့ခေတ်မှာခရုမျိုးစိတ်တွေကို သင်ဘယ်လောက် အတိုင်းအတာထိ မြင်ဖူးကြလဲ..။ အကြီးဆုံးဆိုရင်တော့ အုန်းသီးအရွယ်အစားမျှသာပဲ သင်မြင်ဖူးမယ်လို့ ထင်ပါတယ်။ အခုဖော်ပြပေးမယ့် ခရုမျိုးစိတ်ကို သင်မြင်ရင်တော့အံ့အားသင့်သွားမှာ သေချာပါတယ်။ ဒါကတော့ တစ်ချိန်က အတ္တလန်တိတ်မှာ ရှင်သန်ခဲ့တဲ့  အမ္မုန်လို့ခေါ်တဲ့ဧရာမခရုကြီးရဲ့ ရုပ်ကြွင်းတွေပဲဖြစ်ပါတယ်။


Photo Credit – From Google


Photo Credit – From Google

ပညာရှင်တွေရဲ့ခန့်မှန်းချက်မှာတော့ ဒီခရုကြီးတွေဟာ ဒိုင်နိုဆောများ သက်တမ်းကုန်ဆုံးစေခဲ့တဲ့နည်းတူဥက္ကာခဲများ ရိုက်ခတ်မှုကြောင့် မျိုးသုဉ်ပျောက်ကွယ်သွားကြတာလို့ဆိုပါတယ်။ ရုပ်ကြွင်းရဲ့ အရွယ်အစားက ၁.၈ မီတာ ( ၆ ပေ) အထိရှည်လျားပါတယ်။


Photo Credit – From Google


Photo Credit – From Google

သက်တမ်းအားဖြင့်တော့နှစ်သန်းပေါင်း ၈၀ ကျော်သက်တမ်းရှိပြီလို့ ခန့်မှန်းခဲ့ကြပါတယ်။ ပြီးတော့ Universityof Portsmouth ဦးဆောင်တဲ့ သုတေသနအသစ်အရလွန်ခဲ့တဲ့နှစ်ပေါင်း၈၃ သန်းခန့်က United Kingdomနှင့် Mexico တို့မှာ နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ဒီရုပ်ကြွင်းကတော့ ပထမဆုံးရှာတွေ့ခြင်းတော့ မဟုတ်ပါဘူး။ ဂျာမနီ၊ မက္ကဆီကို ၊  ယူကေနှင့် အင်္ဂလန် တို့မှာ တွေ့ရတဲ့ ရုပ်ကြွင်း ၁၅၄ အနက် တစ်ခုဖြစ်ပါတယ်။


Photo Credit – From Google


#ဥက္ကာခဲ
#ဂျာမနီ
#ရုပ်ကြွင်း
#သုတေသီ
#ဧရာမခရု

Some text some message..