ကြွက်နဲ့ရှဉ့် မျိုးစိတ်တွေနဲ့ ဆက်စပ်နေတဲ့ ထူးထူးဆန်းဆန်း သတ္တဝါ
mmload.com
|
2023-02-13

မျိုးသုဉ်းသွားတဲ့ အထူးဆန်ဆုံး တိရစ္ဆာန်တွေထဲမှာ အထူးဆန်းဆုံး အမည်တွေရှိပါတယ်။ ဆိုတော့ သင့်အနေနဲ့ ခြေထောက်ဖြူ ယုန်ကြွက်အကြောင်း ကြားဖူးပါသလား။ မျိုးသုဉ်းသွားပြီဖြစ်တဲ့ ဒီထူးထူးဆန်းဆန်းသတ္တဝါဟာ ကြွက်မျိုးစိတ်နဲ့ ရှဉ့်မျိုးစိတ်တို့နဲ့ ဆက်စပ်နေတဲ့ ကြွက်ဖြစ်ပါတယ်။ သူတို့ဟာ ဆစ်ဒနီကနေ Adelaide အထိ ဩစတြေးလျရဲ့ တောအုပ်တွေမှာ အစုလိုက် နေထိုင်ကြပါတယ်။


သူတို့ဟာ ရှဉ့်နဲ့ တူ‌ပေမယ့်လို့ အမြီးမှာ အရောင်နှစ်ရောင်ရှိပါတယ်။ သူတို့ရဲ့ အမွှေးဟာ အညိုရင့်ရောင်ရှိပြီး အဖြူရောင်ဝမ်းဗိုက်နဲ့ ‌အဖြူရောင်ခြေထောက်ရှိပါတယ်။ သူတို့ရဲ့ အလေးချိန်ဟာ ၇.၅ အောင်စ နဲ့ အရှည် ၁၀ လက်မ (၂၆ စင်တီမီတာ) အထိရှိပြီး သူတို့အမြီးဟာ ၁၀ လက်မရှိပါတယ်။ သူတို့ဟာ လှပတဲ့ သတ္တဝါဖြစ်တယ်လို့ သိရှိကြရပေမယ့်လည်း အခြေချနေထိုင်သူတွေရဲ့ ကောက်နှံဆိုင်တွေကို ဝင်ရောက်စီးနင်းကာ ရောဂါပြန့်ပွားစေတယ်လို့ ယူဆထကြပါတယ်။



ဒါကြောင့်ပဲ သူတို့ဟာ လူတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ ကြောင်တွေ ခွေးတွေရဲ့ အမဲလိုက်ခြင်းကို ခံခဲ့ရပါတယ်။ အခြေချနေထိုင်သူတွေဟာ လယ်ယာမြေအတွက် သစ်တောနဲ့ ယူကလစ်ပင်တွေကို ခုတ်ထွင်ရှင်းလင်းခြင်းဖြင့် သူတို့ရဲ့နေထိုင်ရာကို ဖျက်ဆီးခဲ့ကြပါတယ်။ နောက်ဆုံးတစ်ကောင်ကို ၁၈၄၅ ခုနှစ်မှာ တွေ့မြင်ခဲ့ရပေမယ့်လည်း ၁၉၃၀ ခုနှစ်အထိ ရှိခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရှိရပါတယ်။



#တိရစ္ဆာန်
#လယ်ယာ
#တောအုပ်
#ဩစတေးလျ
#ယူကလစ်ပင်

Some text some message..