ဝံပုလွေ နှင့် ခြင်္သေ့ တိုက်ပွဲမှာ ဘယ်သူအနိုင်ရမလဲ…?
mmload.com
|
2023-02-13

ခြင်္သေ့နဲ့ဝံပုလွေ တို့ တိုက်ခိုက်ရင်ဘယ်သူနိုင်မလဲလို့ ထင်မိလဲ။ တကယ်တော့ ဝံပုလွေနှင့် ခြင်္သေ့တို့ ယှဉ်ပြိုင်တိုက်ခိုက်တာကိုကျွန်တော်တို့တွေ မြင်တွေ့ရဖို့ အခွင့်အလမ်းမရှိပေမယ့် သူတို့နှစ်ဦးရဲ့ အဓိကအချက်အချို့ကိုဆန်းစစ်ခြင်းဖြင့် ကောင်းကောင်းကြီးသိနိုင်ပါတယ်။


Photo Credit – From Google

ပထမဆုံးအနေနဲ့သူတို့ရဲ့ အရွယ်အစားကို ကြည့်မယ်ဆိုရင် ခြင်္သေ့ဟာ ဝံပုလွေထက် ကြီးမားတဲ့အားသာချက်ရှိပါတယ်။ ပုံမှန်မီးခိုးရောင်ဝံပုလွေအထီးတစ်ကောင်က ကိုယ်အလေးချိန်၁၇၅ ပေါင်အထိရှိပြီး အရှည် ၆ ပေအထိရှိနိုင်တဲ့ အချိန်မှာ ပျမ်းမျှခြင်္သေ့အထီးတစ်ကောင်ရဲ့အလေးချိန်ဟာ ပေါင်၄၂၀ ကျော်ရှိပြီး အရှည် ၉ ပေရှိပါတယ်။ ဒါပေမယ့် ဒီအရွယ်အစားရဲ့အားသာချက်က ဝံပုလွေတစ်ကောင်ကို တိုက်ခိုက်ဖို့ အဆင်သင့်မဖြစ်နိုင်ပါဘူး။


Photo Credit – From Google

ခြင်္သေ့တွေကအမဲလိုက်ခြင်းနှင့် တိုက်ခိုက်ခြင်းတွေမှာမြင်းကျား၊ တောရိုင်း impalas လို သားကောင်ကြီးများကို ချေမှုန်းနိုင်စွမ်းရှိပါတယ်။ သူတို့ရဲ့အစွယ်နှင့် လက်သည်း ထိတဲ့ သားကောင်များမှာ မသန်စွမ်းအဖြစ်သို့ ရောက်သွားနိုင်ပါတယ်။


Photo Credit – From Google

ဝံပုလွေများကတော့မုဆိုးများဖြစ်ပြီး သမင်၊ဆတ်၊ မျောက်များ၊ နွား ၊ သိုးနှင့် ကာရီဘူတို့ကဲ့သို့ တိရစ္ဆာန်ကြီးများကိုပုံမှန် အမဲလိုက်တိုက်ခိုက်ကြပါတယ်။သူတို့မှာတော့ သားကောင်များကို ကိုက်ဖြတ်သတ်ဖို့ ဆင့်ကဲပြောင်းလဲလာတဲ့ သွား ၄၂ ချောင်းရှိပါတယ်။ဒါပေမယ့် ခြင်္သေ့တွေလိုတော့ သားကောင်များကို အမြန်ဆုံးသေအောင် မကိုက်နိုင်ကြပါဘူး။သားကောင်များဟာ များသောအားဖြင့် သွေးထွက်လွန်ခြင်း၊ ကြွက်သားများပျက်စီးခြင်း (သို့မဟုတ်) ရှော့ခ်ဖြစ်ကာ သေဆုံးကြတာ ဖြစ်ပါတယ်။


Photo Credit – From Google


Photo Credit – From Google

ခြင်္သေ့နှင့် ဝံပုလွေ တို့က သန်မာတဲ့ အမဲလိုက် မုဆိုးတွေဖြစ်ပေမယ့် သူတို့နှစ်ဦးရဲ့ အဒီက ကွာခြားချက်ကတော့ ခံနိုင်ရည်အဆင့်ပါ။ ဝံပုလွေတစ်ကောင်ရဲ့ ပျမ်းမျှလမ်းလျှောက်နှုန်းမှာတစ်နာရီလျှင် ၄၃ မိုင်ရှိပေမယ့် ခြင်္သေ့က တစ်နာရီလျှင် မိုင် ၅၀ အထိ လျှောက်နိုင်ပါတယ်။ဒီလို သူတို့နှစ်ကောင်ရဲ့ အားသာချက် ၊ အားနည်းချက်တွေကို ကြည့်ခြင်းဖြင့် ဘယ်သူက အသာစီးပြီးအနိုင်ရမလဲဆိုတာ ခန့်မှန်းနိင်ပါတယ်။


Photo Credit – From Google


#ခြင်္သေ့
#ဝံပုလွေ
#အစွယ်
#သားကောင်
#မြင်းကျား

Some text some message..