မြွေဟောက်ထက် အဆိပ် ၁၀၀ ပြင်းတဲ့ ဂျယ်လီငါးမျိုးစိတ်
mmload.com
|
2023-02-19

ကမ္ဘာပေါ်မှာ တိရစ္ဆာန်မျိုးစုံရှိပါတယ်။ တိရစ္ဆာန်တိုင်းမှာလည်း ထူးခြားတဲ့ အစွမ်းတွေရှိကြပါတယ်။ အဲ့ထဲကတစ်ခုတော့ အဆိပ်ရှိတာပါပဲ။ အဆိပ်ဆိုတာဟာ ဖြေဆေးမရှိခင်တုန်းကဆို ထိတ်လန့်စရာတစ်ခုပါ။ ကုန်းပေါ်မှာဆို အဆိပ်အပြင်းဆုံးကို မြွေလို့ သိရှိကြပြီး ရေထဲမှာဆို ဂျယ်လီငါးလို့ သိရှိထားကြပါတယ်။



ဆိုတော့ အဆိပ်အပြင်းဆုံး ဂျယ်လီငါးကတော့ Irukandji ဆိုတဲ့ ဂျယ်လီငါးပါပဲ။ သူ့ရဲ့အဆိပ်ဟာ မြွေဟောက်ထက်တောင် ပိုကြောက်စရာကောင်းပါတယ်တဲ့။ Irukandji ဟာ ဩစတေးလျ ကမ်းလွန်ပင်လယ်ပြင်မှာ တွေ့ရလေ့ရှိပြီး ကွဲပြားတဲ့ ဘောက်ခူမျိုးစိတ် ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံး ဂျယ်လီငါး‌တွေဖြစ်ပေမယ့် သူတို့ဟာ အန္တရာယ်အရှိဆုံးတော့မဟုတ်ပါဘူး။



ဘာကြောင့်ပဲဖြစ်ဖြစ် ဒီ Irukandji ဆိုတဲ့ဂျယ်လီငါးကိုတော့ ရှေုာင်ရှားသင့်ပါတယ်။ သူတို့ရဲ့အရွယ်အစားဟာ သင့်ရဲ့လက်သည်းထက်တောင် သေးပါတယ်တဲ့။ နောက်ထပ်သူတို့ကို ရှောင်ရသင့်တဲ့အကြောင်းကတော့ သူတို့ရဲ့ အဆိပ်ဟာ မြွေဟောက်ထက် အဆ 100 ပိုပြင်းလိုပါပဲ။


#တိရစ္ဆာန်
#အန္တရာယ်
#အရွယ်အစား
#ငါးမျိုးစိတ်
#ဂျယ်လီငါး

Some text some message..