
ကမ္ဘာ့အကြီးဆုံးဗုဒ္ဓဘာသာဘုရားကျောင်းဘယ်မှာရှိလဲလို့ မေးရင် မြန်မာ ၊ ထိုင်း နှင့် သီရိလင်္ကာ တို့မှာရှိတယ်လို့ ပြောကြမှာပါ။ တကယ်တော့ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဘာသာ ဘုရားကျောင်းကြီးက မွတ်စလင်အများစုနေထိုင်တဲ့အင်ဒိုနီးရှားနိုင်ငံ၊ Central Java မှာတည်ရှိတာ ဖြစ်ပါတယ်။ ဒီဘုရားကျောင်းကြီးတော့Borobudur လို့အမည်ရပါတယ်။

Photo Credit – From Google
ဘုရားကျောင်းဟာချိုင့်ဝှမ်းတစ်ခုအလယ်ရှိ တောင်ကုန်းတစ်ခုပေါ်မှာ စေတီကြီးနှင့် အရံစေတီ စုစုပေါင်း၇၂ ဆူ ဝန်းရံကာ ဗုဒ္ဓရဲ့ အဆုံးအမအမျိုးမျိုးကို ပုံဖော်ထားတဲ့ အနုစိတ်လက်ရာများနှင့်ပန်းပုလက်ရာများအပါအဝင် ကျောက်တုံးပေါင်း ၂သန်းခန့်ဖြင့် ၇၅ နှစ်ကျော်ကြာ မန္ဒလာပုံစံ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit – From Google
ဒီဘုရားကျောင်းကြီးကိုဒေသအတွင်း အင်အားကြီး ဟိန္ဒူ-ဗုဒ္ဓဘာသာနိုင်ငံဖြစ်ခဲ့တဲ့ Sailendra မင်းဆက်အတွင်း ၈ရာစုနှင့် ၉ ရာစုအတွင်း တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဘုရားကျောင်းကို မည်သူက ခန့်အပ်ခဲ့တာကိုအတိအကျ မသိရသေးပေမယ့် အဲ့ဒီအချိန်က မင်းဆက်အုပ်ချုပ်ခဲ့တဲ့ Samaratungga ဘုရင်က တည်ဆောက်ခဲ့ခြင်းဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။

Photo Credit – From Google
Borobudurဟာ ၁၄ ရာစုမှာ စွန့်ပစ်ခံခဲ့ရပြီး ၁၈၁၄ ခုနှစ်မှာ ဗြိတိသျှတို့ ပြန်လည်ရှာဖွေတွေ့ရှိချိန်အထိတောထဲမှာပဲရှိနေခဲ့ပါတယ်။ နှစ်များကြာလာသည်နှင့်အမျှ ဘုရားကျောင်းဟာ ပျက်စီးသွားခဲ့ပြီးအနီးနားရှိ မီးတောင်များရဲ့ ချော်ရည်နှင့် ပြာများဖုံးလွှမ်းစေခဲ့ပါတယ်။ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကို၂၀ ရာစုအစောပိုင်းတွင်စတင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit – From Google
ယနေ့ခေတ်မှာတော့ Borobudur ဟာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်ပြီး ၎င်းကို ကမ္ဘာ့အကြီးဆုံးယဉ်ကျေးမှုရတနာများထဲမှ တစ်ခုအဖြစ်လည်း သတ်မှတ်ခဲ့ကြပါတယ်။ ယနေ့ခေတ်တွင် Borobudurဟာ အင်ဒိုနီးရှားရဲ့ အကျော်ကြားဆုံး ခရီးသွားများကို ဆွဲဆောင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

Photo Credit – From Google