ထိုင်း နှင့် ကမ္ဘောဒီးယားကြား အငြင်းပွားနေဆဲဖြစ်တဲ့ သမိုင်းဝင် ရှေးဟောင်း ဘုရားကျောင်း
mmload.com
|
2023-03-23

ဗိဟာရ (PreahVihear) သမိုင်းဝင် ဘုရားကျောင်းဟာ ယနေ့တိုင်း နှစ်နိုင်ငံကြား အငြင်းပွားနေဆဲဖြစ်တဲ့ရှေးဟောင်း ဘုရားကျောင်းဖြစ်ပါတယ်။ ဒီဘုရားကျောင်းက ထိုင်းနယ်စပ်အနီး ကမ္ဘောဒီးယားနိုင်ငံမြောက်ဘက်က မြင့်မားတဲ့ တောင်ကမ်းပါးတစ်နေရာမှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဘုရားကျောင်းကိုတော့ရှေးခေတ် ခမာဗိသုကာနှင့် အနုပညာလက်ရာများဖြင့် ဟိန္ဒူဒဏ္ဍာရီမှ မြင်ကွင်းများကို အနုစိတ်ပုံဖော်ထားတာဖြစ်ပါတယ်။



Photo Credit – From Google

ဗိဟာရ ဘုရားကျောင်းရဲ့သမိုင်းကျောင်းကို ပြန်ကြည့်မယ်ဆိုရင် ယေဆိုဝရမန် (၁) ဘုရင်မင်းမြတ်လက်ထက် ၉ ရာစုကတည်းကစတင်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆောက်အအုံအချို့ကတော့ ဘုရင်ဆရဘာမန် (၁) နှင့်(၂) တို့ရဲ့ စိုးစံစဉ်ကာလမှာ ဆောက်လုပ်ခဲ့ပြီး ၁၁ ရာစုနှင့် ၁၂ ရာစုအတွင်း တည်ရှိခဲ့ပါတယ်။ဒီဘုရားကျောင်းဟာ ဟိန္ဒူနတ်ဘုရား Shiva ကို ရည်စူးခဲ့တာဖြစ်လို့  ခမာလူမျိုးများအတွက် အရေးကြီးတဲ့ ကိုးကွယ်ရာနေရာတစ်ခုဖြစ်ခဲ့ပါတယ်။



Photo Credit – From Google

အဲ့ဒီအချိန်တုန်းကဗိဟာရ ဘုရားက ခမာအင်ပါယာနှင့် အိမ်နီးချင်း Siam (ယခု ထိုင်း) တို့ကြားရှိ နယ်နိမိတ်မျဉ်းပေါ်မှာတည်ရှိတာဖြစ်လို့ နှစ်နိုင်ငံရဲ့အရေးကြီးတဲ့ အချက်ချာကျရာ နေရာလည်းဖြစ်ခဲ့ပါတယ်။  ဘုရားကျောင်းကို စစ်အခြေစိုက်စခန်းအဖြစ် နှစ်ဖက်စလုံးကအသုံးပြုခဲ့ကြပြီး ရာစုနှစ်များအတွင်း နှစ်နိုင်ငံကြား ပဋိပက္ခများစွာ ဖြစ်ပွားခဲ့ပါတယ်။


Photo Credit – From Google

၁၉၆၂ ခုနှစ်မှာတော့အပြည်ပြည်ဆိုင်ရာ တရားမျှတမှု တရားရုံးကနေ ဘုရားကျောင်းကို ကမ္ဘောဒီးယားမှ ပိုင်ဆိုင်ကြောင်းဆုံးဖြတ်ခဲ့ပြီး  ထိုင်းနှင့် ကာလကြာရှည် အငြင်းပွားမှုအဆုံးသတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း  ဘုရားကျောင်းနှင့်ပတ်သက်ပြီးတော့ နှစ်နိုင်ငံကြား တင်းမာမှုတွေကတော့ ယနေ့တိုင် ဆက်လက် ဖြစ်ပွားနေဆဲပါ။ဗိဟာရကို ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ၂၀၀၈ ခုနှစ်မှာ ထည့်သွင်းခဲ့ပြီး ဘုရားကျောင်းကိုထူးခြားတဲ့ ခမာဗိသုကာလက်ရာတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။  


Photo Credit – From Google


#ရှေးဟောင်း
#ဗိသုကာ
#ဘုရားကျောင်း
#ယူနက်စကို
#ကမ္ဘောဒီးယား

Some text some message..