နှစ်ယောက်ပေါင်းရင် ၁၃ ပေနဲ့ ၁၀.၇၂ လက်မရှိတဲ့ ကမ္ဘာ့အရပ်အရှည်ဆုံး လင်မယား
mmload.com
|
2023-03-29

ကမ္ဘာ့အရပ်အရှည်ဆုံး အတွဲကတော့ Sun Mingming နဲ့ သူ့မိန်းမဖြစ်သူ Xu Yan တို့ပဲဖြစ်ပါတယ်။ နှစ်ယောက်လုံးဟာ တရုတ်လူမျိုးတွေပါ။ သူတို့နှစ်ယောက်ရဲ့အရပ်မှာ ယောက်ျားဖြစ်သူက ၂၃၆.၁၇ စင်တီမီတာ (၇ ပေ နဲ့ ၈.၉၈ လက်မ) ရှိပြီး မိန်းမဖြစ်သူကတော့ ၁၈၇.၃ စင်တီမီတာ (၆ ပေနဲ့ ၁.၇၄ လက်မ) ရှိပါတယ်။



နှစ်ယောက်ပေါင်းအရပ်ကတော့ ၄၂၃.၄၇ စင်တီမီတာ (၁၃ ပေနဲ့ ၁၀.၇၂ လက်မ) ရှိကြပါတယ်။ သူတို့ရဲ့အရပ်ကိုတော့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ တိုင်းတာခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ ၂၀၁၃ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့မှာ လက်ထပ်ခဲ့ကြပါတယ်။



ယောက်ျားဖြစ်သူ Sun Mingming ဟာ လက်ရှိ ကမ္ဘာ့အရပ်အရှည်ဆုံး ဘတ်စကက်ဘော ကစားသမားအဖြစ် သူ့ရဲ့ ၂၃၆.၁၇ စင်တီမီတာ (၇ ပေ နဲ့ ၈.၉၈ လက်မ) အရပ်နဲ့ စံချိန်တင်ထားပါတယ်။ သူဟာ Heilongjiang ပြည်နယ် အမျိုးသား ဘတ်စကက်ဘော အသင်း အတွက် ကစားနေပါတယ်။ မိန်းမဖြစ်သူ Xu yan ကတော့ Heilongjiang ပြည်နယ်အမျိုးသမီးအသင်းအတွက် လက်ပစ်ဘောလုံးကစားနေပါတယ်။




#အမျိုးသမီး
#အရပ်
#အမျိုးသား
#နိုဝင်ဘာ
#လက်ထပ်

Some text some message..