ကမ္ဘာ့သက်တမ်းအရင့်ဆုံးနေရာတွေထဲက တစ်ခုဖြစ်တဲ့ ချောက်ကြီး
mmload.com
|
2023-04-17




သဘာဝအတိုင်းတည်ရှိနေတဲ့ ချောက်တွေထဲမှာ "မာရီယာနာ"အမည်ရှိတဲ့ ချောက်ဟာ ကမ္ဘာ့အနက်ဆုံးချောက်ပဲဖြစ်ပါတယ်။ ချောက်ကြီးဟာ မြောက်ပစိဖိတ်သမုဒ္ဓရာအနောက်ပိုင်း ဖိလစ်ပိုင်နိုင်ငံနှင့်မာရီယာနာ ကျွန်းစုတို့ရဲ့အနီးမှာလည်းရှိပါတယ်။ မာရီယာနာချောက်ရဲ့ အနက်ဟာဆိုရင် ပေပေါင်း ၃၆၀၇၀ ပေ အထိ အနက်ရှိပါတယ်။



ဒီချောက်ဟာ ဧရိယာအားဖြင့် အလျား ၁၅၈၀ မိုင် အနံ ၄၃မိုင် ကျယ်ပြန့်ကြီးမားပြီး ပုံသဏ္ဍာန်ကတော့ လခြမ်း (သို့) စက်ဝိုင်းခြမ်းပုံစံဖြစ်ပါတယ်။ မာရီယာနာချောက်ရဲ့ အောက်ခြေကြမ်းပြင်မှာတော့ ဟိုက်ဒရိုဂျင်ဆာလဖိုဒ်လို တွင်းထွက်တွေကို ထုတ်လွှတ်ပေးနေတဲ့ အပေါက်ငယ်တွေရှိနေပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ တွက်ချက်မှုအရ မာရီယာနာချောက်ရဲ့သက်တမ်းဟာ နှစ်သန်းပေါင်း ၁၈၀ ရှိပြီဖြစ်ပြီး သက်တမ်းအရင့်ဆုံးနေရာတွေထဲကတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။



မာရီယာနာချောက်ရဲ့ အနက်ဆုံးနေရာ Challenger Deep ကို ပထမဆုံးရောက်ခဲ့သူတွေကတော့ ၁၉၆၀ ခုနှစ်မှာရောက်ခဲ့ကြတဲ့ US ရေတပ်ဗိုလ် Don Walsh နဲ့ ဆွစ်သိပ္ပံပညာရှင် Jacques Piccard တို့ဖြစ်ပါတယ်။ တကယ်လို့များ ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်တဲ့ ဧဝရက်တောင်ကို မာရီယာနာချောက်ထဲကိုရွှေ့လိုက်မယ်ဆိုရင် ဧဝရက်တောင်ဟာ သမုဒ္ဒရာရေမျက်နှာပြင်အောက်  ၁မိုင်ကျော်နစ်မြုပ်သွားမှာဖြစ်ပါတယ်။


#သဘာဝ
#သမုဒ္ဒရာ
#သိပ္ပံ
#ဧရိယာ
#ချောက်ကမ်းပါး

Some text some message..