နာမည်နဲ့တင် ကြောက်လန့်စရာကောင်းနေမယ့် လမ်းလျှောက်သစ်ပင်အကြောင်း
mmload.com
|
2023-04-17
ကမ္ဘာပေါ်မှာ လမ်းလျှောက်နိုင်တဲ့ သစ်ပင်ဆိုတာ တကယ်ရှိကြပါတယ်။ သူတို့လိုအပ်တဲ့ အစာအာဟာရကို ရရှိဖို့အတွက် ရွေ့လျားကြတယ်လို့လည်းပြောကြပါတယ်။ ဒီလိုသစ်ပင်တွေဟာ အနောက်နိုင်ငံတွေရဲ့ တောနက်တွေထဲမှာ သဘာဝအလျောက် ပေါက်ရောက်လေ့ရှိပါတယ်။
ခုသစ်ပင်အမျိုးအစားကိုတော့ Socratea Exorrhiza လို့ခေါ်ပြီး နှစ်ရှည်ပင် အမျိုးအစားပဲ ဖြစ်ပါတယ်။ အလင်းရောင်ရရှိမယ့်နေရာကို သူ့အလိုအလျှောက် ပြောင်းကာရွေ့လျားသွားနိုင်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံက ကွမ်းသီးပင်အမျိုးအစားနဲ့ ပင်စည်အလုံးအပတ်အပြင် အကိုင်းအခက်တွေ ဆင်တူလေ့ရှိပါတယ်။
ထူးခြားချက်ကတော့ အမြစ်များစွာရှိပြီး ပင်စည်အောက်မှာရှိတဲ့ အမြစ်တွေကသာ မြေကြီးထဲကို စိုက်ဝင်နေပြီး ကျန်တဲ့အမြစ်များစွာကတော့ ဘေးနှစ်ဖက်ကိုထွက်ကာ အလင်းရောင်ရှိရာကို ရွေ့ပြောင်းဖို့ အတွက် ခြေထောက်တွေသဖွယ် ဖြစ်နေတာပါပဲ။ ဒါဟာ လမ်းလျှောက်တတ်တဲ့ သစ်ပင်အမျိုးအစားတွေထဲက တစ်မျိုးဖြစ်ပါတယ်။ တချို့အပင်တွေထဲမှာလည်း လမ်းလျှောက်တတ်တဲ့ အမျိုးအစားတွေ ရှိပါသေးတယ်။
#သဘာဝ
#ခြေထောက်
#သစ်ပင်
#ပင်စည်
#အမျိုးအစား
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ