သန္တာကျောက်တန်းတွေကို ဖျက်စီးနေသည့် Crown of Thorns Starfish
mmload.com
|
2023-04-22

လက်ရှိပင်လယ်ရေအောက်ရဲ့အကြီးဆုံးသန္တာကျောက်တန်းဖြစ်တဲ့ Great Barrier Reef ကို ဖျက်စီးနေတဲ့ ဒီကြယ်ငါးတွေဟာ အမှန်တော့သဘာဝတရားရဲ့ဂေဟစနစ်ကိုညီမျှအောင်လုပ်ပေးတဲ့ အကောင်တွေပါ။ နဂိုက ဒီကြယ်ငါးတွေဟာ သန္တာကျောက်တန်းတွေ အလွန်အကျွံကြီးထွားလာတာကိုကာကွယ်ဖို့ နှင့်သန္တာကောင်လေးတွေအုပ်စုလိုက်စုဖြစ်သွားအောင် လုပ်ပေးကြတာပါ။


ဒါပေမဲ့ လူတွေရဲ့လောဘကြောင့် ဒီကြယ်ငါးတွေကိုအရေအတွက်ထိန်းပေးဖို့ သားရဲကောင်မရှိတော့တဲ့အခါ အဆမတန်ပွားလာကြပါတော့တယ်။ အရင်ကကြီးထွားပြီးသားသန္တာကောင်တွေကိုပဲ စားသုံးကြတယ်ဆိုပေမဲ့ အကောင်ဦးရေများပြားလာတဲ့အခါ မြင်မြင်သမျှအကုန်စားသောက်ကြတာဖြစ်လို့ သန္တာကျောက်တန်းတွေအတွက် နံပါတ်တစ်ရန်သူလိုဖြစ်လာပါတယ်။


သူတို့ဟာ တစ်နာရီမှာမီတာနှစ်ဆယ်လောက်အထိသွားနိုင်ကြပြီးတော့ တစ်နှစ်အတွင်းမှာ တစ်ဆယ်မီတာပတ်လည်မှာရှိတဲ့ သန္တာကျောက်တန်းတွေပြောင်စင်အောင်စားသောက်နိုင်ကြပါတယ်။ သူ့ရဲ့ပြင်ပကအဆူးတွေက လူတွေကိုသာမက ရေနေသတ္တဝါအများစုကိုပါ အဆိပ်သင့်စေပါတယ်။


ဒါ့အပြင် သူတို့ဟာကြယ်ငါးအများစုလိုပဲ ပြန်လည်ကုသနိုင်စွမ်းရှိတဲ့အတွက် လက်တစ်ဖက်ကိုဖြတ်ရင် ခြောက်လအတွင်းမှာ အသစ်တစ်ခုပြန်ပေါက်နိုင်ပါတယ်။ ပြီးတော့ ဒီကြယ်ငါးအကောင်ပေါက်တွေဟာအစာမစားဘဲကိုးလလောက်အထိအသက်ရှင်နိုင်ကြတာဖြစ်လို့ တိုးပွားနှုန်းကမထိန်းသိမ်းနိုင်အောင်ဖြစ်လာပါတယ်။ ဒါကြောင့် လေ့ကျင့်ပေးထားတဲ့ရေငုပ်သမားတွေကဒီကြယ်ငါးတွေကိုသေစေနိုင်တဲ့ ရှာလကာရည်တစ်မျိူးကို သူတို့ကိုယ်ထဲသွင်းပေးပြီး အကောင်ရေကိုထိန်းသိမ်းနေရပါတယ်။



#သဘာဝ
#သန္တာကျောက်တန်း
#သတ္တဝါ
#ကြယ်ငါး
#သန္တာကျောက်

Some text some message..