
အီတလီနိုင်ငံ၊ မီလန်မြို့မှာရှိတဲ့ Chihuahua Pearl လို့ခေါ်တဲ့ ၂ နှစ်အရွယ်ခွေးမလေးဟာ ကမ္ဘာ့အရပ်အပုဆုံးခွေးလေးအဖြစ် သတ်မှတ်ခံထားရပါတယ်။ Pearl ဟာ ၉.၁၄ စင်တီမီတာ (၃.၅၉ လက်မ) သာမြင့်ပြီး နှာခေါင်းမှ အမမြီးထိ ၁၂.၇ စင်တီမီတာ (၅ လက်မ) သာရှိပါတယ်။ ဒီအရှည်ဟာ ကမ္ဘာ့အရှည်ဆုံးလျှာကိုပိုင်ဆိုင်ထားတဲ့ ခွေးရဲ့လျှာနဲ့ အရှည်ချင်းအတိအကျတူနေတာဖြစ်ပါတယ်။

သူမရဲ့အလေးချိန်ဟာ ၅၅၃ ဂရမ် (၁.၂၂ ပေါင်) သာရှိပြီး ဘတ်စကတ်ဘောတစ်လုံးရဲ့ အလေးချိန်ထက်တောင် နည်းနေတာဖြစ်ပါတယ်။ သူမဟာ အိမ်မွေးခွေးတစ်ကောင်ဖြစ်ပြီး ရှေ့နေ Vanesa Semler နှင့် Edwin တို့က ပိုင်ဆိုင်ပါတယ်။

သူမရဲ့တစ်နေ့တာဟာ လူတွေရဲ့တစ်နေ့တာနဲ့အတူတူပါပဲ။ မနက်ပိုင်းမှာ သူ့သခင်နဲ့အတူလမ်းလျှောက်ထွက်တတ်ပြီး မနက်စာစားပြီးတဲ့အချိန်မှာလည်း TV ကြည့်ရတာကြိုက်နှစ်သက်တဲ့ ခွေးမလေးဖြစ်ပါတယ်။ သူမဟာ ဉာဏ်ကောင်းပြီး သင်ယူလွယ်တဲ့ခွေးလေးဖြစ်ပါတယ်။ စားသောက်ဆိုင်တွေရှေ့မှာ အစားအသောက်အတွက် ဟောင်နေတတ်ပြီး လူတွေအာရုံစိုက်အောင် လုပ်ရမယ့်နည်းလမ်းကိုလည်း သူမသိပါတယ်။ သူမဟာ တစ်ရက်ကို အစာလေးနပ်စားတယ်လို့လည်းသိရပါတယ်။

ဒီလိုသေးသေးလေးနဲ့ ချစ်စရာကောင်းပြီး ဉာဏ်ကောင်းတဲ့ခွေးလေးကို Myanmarload ပရိသတ်တွေအတွက် ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။