
အရောင်အသွေးစုံလင်ပြီး သဘာဝအတိုင်းလှပနေတဲ့ လိပ်ပြာလေးတွေမှာ လျှို့ဝှက်ချက်တွေရှိပါတယ်။ ဒီလိုလှပတဲ့အရောင်အဆင်းတွေကို Aposematism လို့ခေါ်တဲ့ ဖြစ်စဥ်တစ်ခုကတစ်ဆင့် ဖန်တီးပေးပြီး သားကောင်တွေရဲ့ အန္တရာယ်က ကာကွယ်ပေးနိုင်ပါတယ်။ ဒီအချက်ကို လိပ်ပြာမျိုးစိတ်ပေါင်း ၁၈၀၀ ကျော်ကို စမ်းသပ်ဖော်ထုတ်ခဲ့ပြီးဖြစ်ပါတယ်။

Google
Aposematism ဟာ အန္တရာယ်ဖြစ်နိုင်ခြေရှိတဲ့သားကောင်တွေကို သတိပေးဖို့အတွက် တောက်ပတဲ့အရောင်တွေကို အသုံးပြုပါတယ်။ ဒီအရောင်တွေထဲမှာ အနံ့ဆိုး သို့မဟုတ် အရသာဆိုး သို့မဟုတ် အဆိပ်သင့်တဲ့ ဓာတုပစ္စည်းတွေပါဝင်ပြီး သားကောင်တွေကို မနှစ်မြုပ်အောင်ပြုလုပ်ပါပေးပါတယ်။ ဒီလိုနည်းနဲ့ လိပ်ပြာတွေဟာ ရန်သူတွေကို ခုခံကာကွယ်နိုင်ပါတယ်။

Google
လိပ်ပြာတွေဟာ သူတို့စားသုံးတဲ့အစားအစာမှတစ်ဆင့် အဆိပ်အတောက်တွေကို ရရှိနိုင်သလို သူတို့ကိုယ်တိုင်ဓာတ်ပြုပြီးတော့လည် အဆိပ်အတောက်တွေကို ဖန်တီးနိုင်ပါတယ်။ ဒီလိုဓာတ်ပြုမှုကို လိပ်ပြာတိုင်းကတော့ လုပ်ဆောင်နိုင်ခြင်းမရှိပါဘူး။ Heliconius လို့ခေါ်တဲ့ လိပ်ပြာတွေကသာလျှင်လုပ်ဆောင်နိုင်ကြောင်း သုတေသီတွေက တွေ့ရှိခဲ့တာဖြစ်ပါ

Heliconius melpomene
လိပ်ပြာတွေမှာအဆိပ်ရှိပေမယ့် သူတို့ရဲ့အဆိပ်က လူနှင့် အိမ်မွေးတိရိစ္ဆာန်တွေကို ပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်ခြင်းမရှိပါဘူး။ ဒါ့ကြောင့် လိပ်ပြာရဲ့သဘာဝကိုမထိခိုက်ဘဲ သာမန်အတိုင်းလွတ်လွတ်လပ်လပ် ရှင်သန်ခွင့်ပေးလိုက်ပါ။

Google