အကောင်လိုက်မျိုးပွားတဲ့ မြွေမျိုးစိတ်များ..
mmload.com
|
2023-05-07

မြွေအများစုက ဥအဖြစ်မျိုးပွားကြပြီး အချို့မြွေတွေက အကောင်လိုက်မျိုးပွားကြပါတယ်။ ဒါကြောင့် ရှားပါးပြီး အကောင်လိုက်မျိုးပွားတဲ့ မြွေမျိုးစိတ်အချို့ကို ဖော်ပြပေးသွားပါမယ်။  


Death Adder (Acanthophis antarcticus)သူတို့ကို ဩစတေးလျတောင်ပိုင်းမှာ အဓိကတွေ့ရပါတယ်။ သူတို့ဟာ အဆိပ်ပြင်းတဲ့မြွေတွေဖြစ်ပေမယ့် ရန်လိုစိတ်မရှိကြပါဘူး။ Death Adder ‌‌ တွေမှာ ရှည်လျားတဲ့အစွယ်ရှိပြီး ဩစတေးလျမှာ အစွယ်အရှည်ဆုံးမြွေစိတ်အဖြစ်လည်း မှတ်ထားကြပါတယ်။ သူတို့ဟာ အကောင်လိုက်မျိုးပွားတဲ့မြွေတွေဖြစ်ပြီး တစ်ကြိမ်မှာ အကောင်သုံးဆယ်နှင့်အထက် ‌မွေးဖွားနိုင်ပါတယ်။ သူတို့မှာ ကျယ်ပြန့်ပြီး ပါးလွှာတဲ့ဦးခေါင်းတွေရှိပါတယ်။ 


Western Diamondback Rattlesnake (Crotalus atrox)Rattle snake လို့‌‌ခေါ်တဲ့ မြွေခလောက်မျိုးစိတ်တွေထဲ အကြီးဆုံးဖြစ်ပြီး အမေရိကန်နှင့် မက္ကဆီကို အနောက်တောင်ပိုင်း သဲကန္တာရတစ်လျှောက်‌မှာ အဓိကတွေ့ရပါတယ်။ သူတို့ရဲ့ကျောတစ်လျှောက်မှာ အညိုရောင်၊ ခဲရောင်စိန်အမှတ်အသားတွေနှင့် ခလောက်လိုဆူညံတဲ့အသံကြောင့် သူတို့ကိုအလွယ်တကူသိနိုင်ပါတယ်။ သူတို့ဟာ ကလေးမမွေးခင် ဗိုက်ထဲမှာခြောက်လလောက်လွယ်ထားတတ်ကြပါတယ်။ တစ်ကြိမ်မွေးရင် ၁၀-၂၀ ကောင်မွေးတတ်ကြပြီး သားပေါက်လေးတွေဟာ နာရီပိုင်းအတွင်း သူတို့အဆိပ်တွေနှင့် အစာရှာနိုင်ကြပါတယ်။


Green Anaconda (Eunectes murinus)အစိမ်းရောင် Anaconda မြွေတွေဟာ ကမ္ဘာပေါ်မှာအကြီးဆုံးမြွေမျိုးစိတ်တွေထဲက တစ်ခုဖြစ်ပါတယ်။ သူတို့ဟာ ပေနှစ်ဆယ်လောက်ထိရှည်နိုင်ပြီး အလေးချိန် ပေါင် ၁၅၀ ထိ ရှိပါတယ်။ သူတို့ဟာစပါးကြီးမြွေမျိုးစိတ်ဖြစ်ပြီး အဆိပ်မရှိပါဘူး။ သားကောင်တွေကို ရစ်ပတ်ညှစ်သတ်ပြီးသာ စားသုံးကြပါတယ်။ သူတို့ဟာ ကုန်းနေရေနေသတ္တဝါဖြစ်တဲ့အတွက် ရေများတဲ့ မြစ်ချောင်း‌တွေနှင့် စိုစွတ်တဲ့ဒေသတွေမှာသာ တွေ့ရတတ်ပါတယ်။ သူတို့ဟာ အကောင်လိုက်မျိုးပွားတဲ့ မြွေတွေဖြစ်ပြီး သားပေါက်လေးတစ်ကောင်ဟာ နှစ်ပေလောက်အရှည်ရှိပါတယ်။


Eyelash Viper (Bothriechis schlegelii)မျက်‌တောင်မြွေပွေးလို့လည်း ခေါ်ဆိုနိုင်ပြီး အလှဆုံးမြွေပွေး‌မျိုးစိတ်တွေဖြစ်ပါတယ်။ အဆိပ်အရမ်းပြင်းတဲ့မြွေဖြစ်ပြီး မျက်လုံးအပေါ်မှာ မျက်တောင်ပုံအကြေးခွံရှိတာကြောင့် မျက်တောင်မြွေပွေးလို့ ခေါ်ဆိုကြပါတယ်။ သူတို့မျိုးစိတ်ကို မီးခိုးရောင်၊ အဝါ၊ အနီ၊ အစိမ်း၊ အသားရောင်နှင့် အညိုရောင် အဖြစ် အရောင်မျိုးစုံနဲ့‌ တွေ့နိုင်ပါတယ်။ သားပေါက်လေးတွေဟာ ၇-၈ လက်မထိ ရှည်ပါတယ်။ သူတို့ဟာ လှပပြီးသေးငယ်ပေမယ့် အဆိပ်ပြင်းတဲ့မြွေတွေဖြစ်ပါတယ်။



#အညိုရောင်
#သတ္တဝါ
#မြွေမျိုးစိတ်
#စပါးကြီးမြွေ
#DeathAdder

Some text some message..