အန္တရာယ်များပြီး မျိုးပွားမြန်တဲ့ လူဝီစီယားနားရှိ တောဝက်များ..
mmload.com
|
2023-05-08

လူဝီစီယားနားဟာ တောဝက်အပေါဆုံးပြည်နယ်တစ်ခုဖြစ်ပြီး ကောင်ရေ ၇၅၀၀၀၀ ခန့်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ တောဝက်တွေကို ပြည်နယ်တစ်ခုလုံးမှာတွေ့ရပြီး ကျေးလက်ဒေသမှာ အဓိကတွေ့ရပါတယ်။ လူနေမှုပတ်ဝန်းကျင်ကိုပျက်စီးစေခြင်း၊ ရောဂါပိုးမွှားသယ်ဆောင်လာခြင်းနှင့် ဒေသခံတွေရဲ့ အိမ်မွေးတိရစ္ဆာန်တွေကို စားသောက်ခြင်းတို့ကြောင့် တောဝက်တွေရဲ့ ပေါများမှုဟာ အန္တရာယ်ရှိလာပါတယ်။


ဒါကြောင့် တောဝက်တွေကို တစ်နှစ်ပတ်လုံး ဘယ်ချိန်မဆိုအမဲလိုက်ခွင့်ပြုခဲ့ပါတယ်။ ညအချိန်မှာသော်လည်းကောင်း၊ နေ့အချိန်မှာသော်လည်းကောင်း အမဲလိုက်ခွင့်လိုင်စင်ကိုကိုင်ဆောင်ထားသူတိုင်း တောဝက်တွေကို လွတ်လပ်စွာအမဲလိုက်ခွင့်ပြုခဲ့ပါတယ်။ ဒါတင်မကသေးဘဲ ဝေဟင်အမဲလိုက်ခွင့်ကိုလည်း ပြည်နယ်အစိုးရကခွင့်ပြုပေးခဲ့ပါသေးတယ်။ ဝေဟင်အတွက် ရဟတ်ယာဥ်ကိုအသုံးပြုပြီးအမဲလိုက်ကြတဲ့အခါ တောဝက်ရိုင်းတွေရဲ့တည်နေရာကို ပိုမိုသိရှိနိုင်ပြီး သားကောင်ပိုမိုရရှိနိုင်ပါတယ်။ 


ဒီလိုလွတ်လပ်စွာအမဲလိုက်ခွင့်ပေးထားပေမယ့် တောဝက်ရိုင်းတွေရဲ့ အကောင်ရေဟာ ကျဆင်းသွားခြင်းမရှိပါဘူး။ အကြောင်းကတော့ တောဝက်တွေဟာ အလွန်မျိုးပွားနှုန်းမြန်တဲ့အပြင် မုဆိုးတွေရဲ့အမဲလိုက်မှုက မျိုးပွားနှုန်းကိုတားဆီးနိုင်စွမ်းမရှိပါဘူး။ သူတို့မျိုးပွားနှုန်းကိုကျဆင်းစေဖို့အတွက် တစ်နှစ်ကို တောဝက်အကောင်ရေရဲ့ ၇၅ ရာခိုင်နှုန်းခန့် အမဲလိုက်ဖို့လိုအပ်ပေမယ့် မုဆိုးတွေရဲ့အမဲလိုက်နှုန်းက အဆိုပါရာခိုင်နှုန်းရဲ့ တစ်ဝက်ခန့်သာရှိပါတယ်။ 


တောဝက်တွေဟာ ငါးနှစ်သက်တမ်းရှိပြီး တစ်နှစ်အရွယ်မှ စတင်မျိုးပွားနိုင်စွမ်းရှိပါတယ်။ တောဝက်မတစ်ကောင်ဟာ သူမရဲ့သက်တမ်းတစ်လျှောက် နောက်ထပ်တောဝက် ၁၀၄ ကောင်ထိ မျိုးပွားနိုင်ပါတယ်။ တစ်ကြိမ်မျိုးပွားရင် ၁၃ ကောင်ထိ မွေးတတ်ကြပြီး တစ်နှစ်ကို နှစ်ကြိမ်မျိုးပွားကြပါတယ်။ သူတို့ရဲ့မျိုးပွားမှုနှုန်းက အံ့ဩစရာကောင်းလောက်အောင်မြင့်တက်နေပြီး ကမ္ဘာပေါ်မှာ မျိုးပွားမှုအမြင့်ဆုံးသတ္တဝါတွေထဲက တစ်ခုအဖြစ်သတ်မှတ်ထားကြပါတယ်။ 


သူတို့ရဲ့မျိုးပွားမှုက လူတွေအတွက်အရမ်းကို အန္တာရာယ်ရှိနေပါတယ်။ ဒေသခံတွေရဲ့ စိုက်ပျိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေးအတွက် ကြီးမားတဲ့အဟန့်အတားတစ်ခုဖြစ်နေပါတယ်။ ဒီတောဝက်တွေကို အကာအကွယ်မပါဘဲ ထိတွေ့မိရင် ကိုယ်ဝန်ပျက်ကျခြင်း၊ မြုံခြင်း နှင့် မွေးကင်းစကလေးတွေကို အားနည်းစေခြင်းစတဲ့ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလိုအန္တရာယ်များပြီး မျိုးပွားတဲ့တောဝက်တွေကို အမေရိကန်ပြည်ထောင်စု လူဝီစီယားနားပြည်နယ်မှာပဲမြင်တွေ့နိုင်ပါတယ်။ 



#တိရစ္ဆာန်
#အန္တရာယ်
#ဒေသခံ
#တောဝက်
#လူဝီစီယားနား

Some text some message..