အခြားဝက်ဝံတွေနဲ့မတူဘဲ ထူးခြားတဲ့ပုံစံနဲ့ ကိုအာလာများ..
mmload.com
|
2023-05-09

ကိုအာလာကို အများစုက ကိုအာလာဝက်ဝံလို့လည်းခေါ်ကြပါတယ်။ သူတို့ဟာ ဝိုင်းစက်တဲ့နားရွက်နှင့် ချစ်စဖွယ်ကိုယ်ထည်လေးကို ပိုင်ဆိုင်ထားတဲ့ နို့တိုက်သတ္တဝါတွေဖြစ်ကြပါတယ်။ သူတို့ဟာ ဝက်ဝံတွေလိုနေထိုင်စားသောက်ကြပေမယ့် ဝက်ဝံအုပ်စုထဲမှာ မပါဝင်ကြပါဘူး။ သူတို့ကို Marsupials အုပ်စုဝင်အဖြစ်သာ သတ်မှတ်ထားကြပါတယ်။ Marsupials မှာ သားပိုက်ကောင်၊ ဝါလဘီ၊ ပိုဆမ်တို့အပြင် အခြားအကောင်တွေ များစွာပါဝင်ပါတယ်။ ကိုအာလာတွေဟာ နူးညံ့တယ်လို့ထင်ရပေမယ့် သူတို့ရဲ့အမွေးက ကြမ်းတမ်းတဲ့အပြင် ရန်လိုတတ်တဲ့အကောင်ဖြစ်ပါတယ်။ 


သူတို့ရဲ့အရွယ်အစားက ခေါင်းမှအမှီးထိ ၂-၃ ပေ (၆၀-၈၀ စင်တီမီတာ) ရှည်ပြီး အလေးချိန် ၉-၂၅ ပေါင်ထိ ရှိနိုင်ပါတယ်။ အထီးတွေဟာ အမတွေထက် ၅၀ ရာခိုင်နှုန်းလောက်ပိုလေးပါတယ်။ သူတို့ရဲ့သက်တမ်းက ၁၀-၁၅ နှစ် ထိရှိပါတယ်။ တစ်ကြိမ်မွေးရင် တစ်ကောင်သာမွေးပြီး (၂-၃) နှစ်အတွင်း အရွယ်ရောက်ကြပါတယ်။ 


ကိုအာလာလေးတွေဟာ သူတို့ကိုယ်မှာရှိတဲ့အညစ်အကြေးတွေကို အခြားတိရစ္ဆာန်တွေလို လျှာနဲ့မလျက်ဘဲ ခြေသည်းတွေနဲ့သာ ဖယ်ရှားတတ်ပါတယ်။ အညစ်အကြေးအနည်းငယ်စားမိရင် ယူလလစ်ရွက်တွေကို အစာချေဖျက်နိုင်ဖို့ စားသုံးကြပါတယ်။ အကြောင်းကတော့ ယူကလစ်ရွက်မှာပါဝင်တဲ့ အနံ့အသက်က သူတို့ကို စိတ်ကျေနပ်စေလို့ဖြစ်ပါတယ်။ 


အထူးအခြားဆုံးကတော့ ကိုအာလာတွေဟာ သူတို့ရဲ့စွမ်းဆောင်ရည်အတွက် တစ်ရက်ကို (၁၈-၂၀) နာရီ အိပ်စက်ကြပါတယ်။ သမိုင်းပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိချက်အရ ကိုအာလာတွေဟာ လွန်ခဲ့သောနှစ်ပေါင်းများစွာက အရွယ်ရောက်ပြီးသား နွားတစ်ကောင်လောက် အရွယ်အစားရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ 



#တိရစ္ဆာန်
#အရွယ်အစား
#အညစ်အကြေး
#ကိုအာလာ
#Marsupials

Some text some message..