မြင်လိုက်ရုံနဲ့တင် ဘာမှစားချင်စိတ်မရှိလောက်အောင်ဖြစ်စေနိုင်တဲ့ ရွံစရာအကောင်းဆုံးတိရစ္ဆာန်များ..
mmload.com
|
2023-05-16

ကမ္ဘာပေါ်မှာ ချစ်စရာကောင်းတဲ့တိရိစ္ဆာန်တွေရှိသလို ရွံစရာကောင်းတဲ့တိရိစ္ဆာန်တွေလည်း များစွာရှိပါတယ်။ ဒီထဲကမှာ စိတ်တွေမရိုးမရွဖြစ်သွားအောင် ရွံစရာကောင်းတဲ့တိရိစ္ဆာန်အချို့ကို ဖော်ပြပေးသွားပါမယ်။ 

(၁) အမွေးအမျှင်မပါတဲ့မှဲ့ကြွက်

နာမည်အတိုင်းပဲ သူတို့ဟာ အမွေးအမျှင်မပါတဲ့ ပန်းရောင်ကြွက်လေးတွေဖြစ်ပါတယ်။ အမြင်အာရုံကသိပ်မကောင်းပေမယ့် သူတို့မှာ ကြီးမားချွန်ထက်တဲ့ သွားတွေရှိပါတယ်။ သူတို့ဟာ ကမ္ဘာ့ရုပ်အဆိုးဆုံးနှင့် ရွံစရာအကောင်းဆုံးတိရိစ္ဆာန်ဖြစ်နေပေမယ့် တိရိစ္ဆာန်လောကရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး သတ္တဝါတစ်ကောင်အဖြစ်တည်ရှိနေပါတယ်။ ထူးခြားချက်ကတော့ သူတို့ဟာ အောက်ဆီဂျင်မပါဘဲ ရေထဲမှာ ၁၈ မိနစ်လောက်နေနိုင်ပါတယ်။ သူတို့ကို အာဖရိကအရှေ့ပိုင်းမှာ အဓိကတွေ့ရပါတယ်။ 


(၂) ဘလောဘ့်ငါး 

ဘလောဘ့်ငါးတွေရဲ့အသွင်အပြင်မှာ အဝလွန်နေတဲ့ လူတစ်ယောက်ရဲ့မျက်နှာနဲ့ ဆင်တူပါတယ်။ ပစ္စဖိတ်သမုဒ္ဒရာရဲ့ ရေအောက်ကြမ်းပြင်မှာ နေထိုင်ကျက်စားကြပါတယ်။ သူတို့မှာ ရှည်လျားတဲ့နှာခေါင်း၊ ကျောက်ကျောအရေခွံနှင့် မီးခိုးရောင်ကိုယ်ထည်ရှိပါတယ်။ ရေအောက်ကြမ်းပြင်မှ ပုံမပျက်ဘဲ နေထိုင်ဖို့အတွက် သမုဒ္ဒရာရေဂါလံပေါင်းများစွာရဲ့ဖိအားကို မှီခိုရပါတယ်။ 


(၃) ကြယ်နှာခေါင်းကြွက်

သူရဲ့ကိုယ်ထည်အရ သေးငယ်ပြီးချစ်စရာကောင်းနေပေမယ့် ဂြိုလ်သားတစ်ကောင်နဲ့တူတဲ့ နှာခေါင်းက သူ့ကိုရုပ်အဆိုးဆုံးဖြစ်စေသလို ထူးဆန်းတဲ့သတ္တဝါလည်းဖြစ်စေပါတယ်။ ရေဘဝဲနှစ်ကောင်ပူးကပ်သလိုဖြစ်နေတဲ့ သူတို့ရဲ့နှာခေါင်းက ခန္ဓာကိုယ်ရဲ့မရှိမဖြစ်အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အာရုံခံကိရိယာ ၂၅၀၀၀ ပါဝင်တဲ့ သူတို့ရဲ့နှာခေါင်းဟာ သန်ကောင်နှင့် အခြားပျော့ပျောင်းတဲ့တိရိစ္ဆာန်တွေကို အမြန်ဆုံးရှာဖွေနိုင်ပါတယ်။ ထူးခြားချက်အနေနဲ့ သူတို့ဟာ ကမ္ဘာ့အမြန်ဆုံးစားနိုင်တဲ့ တိရစ္ဆာန်တွေအဖြစ်လည်း မှတ်တမ်းတင်ထားပါတယ်။ 



#တိရစ္ဆာန်
#သမုဒ္ဒရာ
#ပန်းရောင်
#ဂြိုလ်သား
#ဘလောဘ့်ငါး

Some text some message..