
Kanheriဂူဟာ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ပြင်ရှိ Sanjay Gandhi အမျိုးသားဥယျာဉ်အတွင်းမှာရှိတဲ့သဘာဝကျောက်ဂူဖြစ်ပါတယ်။ နိုင်ငံရဲ့ သမိုင်းဝင်ဂူဖြစ်သလိုခရီးသွားတွေကြားဆွဲဆောင်ထားတဲ့ နေရာလည်း ဖြစ်ပါတယ်။

Photo Credit – From Google
ဒီလိုဏ်ဂူများကိုဘီစီ ၁ ရာစုနှင့် အေဒီ ၁၀ ရာစုကြားလောက်က သစ်တောထူထပ်တဲ့ အလယ်မှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ သမိုင်းမှတ်တမ်းတွေအရ Kanheri လိုဏ်ဂူများကို ရှေးခေတ်က ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းဖြစ်ပြီးဘုန်းတော်ကြီးတွေအတွက် တရားထိုင်ခြင်း၊ လေ့လာဆည်းပူးရာ နေရာတစ်ခုအဖြစ် အသုံးပြုခဲ့တာကြောင့်သမိုင်းနှင့် ယဉ်ကျေးမှုမှာ အရေးပါခဲ့တဲ့ နေရာဖြစ်ခဲ့ပါတယ်။

Photo Credit – From Google
Kanheriမှာ စုစုပေါင်း လိုဏ်ဂူ ၁၀၉ ခုရှိပြီး ခန်းမကြီးများနှင့် ဆုတောင်းခန်းတွေလည်းရှိပါတယ်။ အကြီးဆုံးလိုဏ်ဂူမှာတော့ အနုစိတ်ထွင်းထုထားတဲ့ တိုင်များ၊ စေတီပုထိုးများနှင့်ရေကန်များလည်းရှိပါတယ်။ အချို့ဂူတွေမှာဆိုရင် သေသပ်လှပတဲ့ ကျောက်တုံးပန်းပုများ၊ ဗုဒ္ဓဘာသာအနုပညာနှင့်ယဉ်ကျေးမှုရှုထောင့်အမျိုးမျိုးကို သရုပ်ဖော်ထားတဲ့ ကျောက်စာများပါရှိပါတယ်။

Photo Credit – From Google
သမိုင်းဝါသနာအိုးများနှင့်သဘာဝတရားကို ကြိုက်နှစ်သက်သူတွေအဖို့ သွားရောက်လေ့လာသင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ သင်လည်းအကယ်၍ မွမ်ဘိုင်းမြို့ကို ရောက်ရှိခဲ့ရင် သဘာဝတရားတွေနဲ့ ပြည့်နှက်နေတဲ့ Kanheriလိုဏ်ဂူတွေဆီ သွားရောက်လည်ပတ်ပါလို့ အကြုံပြုပါရစေ။