တောဇီးကွက်နဲ့ မကြာခဏမှာတတ်ကြတဲ့ ညအိုးငှက်များ
mmload.com
|
2023-05-17

ညအိုး (Nightjar)ငှက်ကတော့ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံအပြင် ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း တွေ့ရတဲ့ ငှက်မျိုးစိတ်ဖြစ်ပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ အသွင်အပြင်ကြောင့်လည်းအရှေ့တောင်အာရှမှာ  လူသိများပါတယ်။ ဒီငှက်စိတ်တွေကအထူးသဖြင့် သစ်တောများ နှင့် စိုက်ခင်းတွေမှာ နေထိုင်ကျက်စားကြပြီး မြေနိမ့်ပိုင်းဒေသများမှာအများဆုံးတွေ့ရပေမယ့် အမြင့်ဆုံး နေရာများမှာလည်း တွေ့ရနိုင်ပါတယ်။



Photo Credit – From Google

ခန္ဓာကိုယ်ကပိန်ပါးသလောက် အတောင်ပံကလည်း သေးငယ်ပါတယ်။ ဒါပေမယ့် အမှတ်မထင်ကြည့်ရင်တော့ ဇီးကွက်နဲ့တူပါတယ်။ညအိုးငှက်တွေက အဓိကအားဖြင့် နေ့ဘက်ထက် ညအခါများမှာသာ သွားလာလှုပ်ရှားကြတာ ဖြစ်ပါတယ်။ထူးခြားတဲ့ စွမ်းရည်ကတော့ ကောင်းကင်မှာ ပျံသန်းနေတဲ့ အင်းဆက်ပိုးမွှားများကို ကျွမ်းကျင်စွာဖမ်းယူစားသောက်နိုင်တာပါ။ ပြီးတော့ အခြားငှက်မျိုးစိတ်တွေနဲ့ မတူတာက သူတို့ရဲ့ အိမ်ထောင်ဖက်တွေကိုဆွဲဆောင်ရာမှာ ဝေဟင်ကနေပဲ လုပ်ဆောင်ကြတာဖြစ်ပါတယ်။



Photo Credit – From Google

ငှက်အမများကတော့မျိုးဥတဲ့အခါမှာ မြေကြီးပေါ် (သို့) သစ်ပင်ပေါ်တွေမှာ ဥကြပြီး မျိုးဥတွေကို အခြားသူတွေမမြင်နိုင်အောင် ဖုံးကွယ်ထားခဲ့ကြပါတယ်။ လက်ရှိမှာတော့ ညအိုးငှက်မျိုးစိတ်ဟာ သစ်တောများပြုန်းတီးမှုကြောင့်နေထိုင်ရာနေရာများ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။



Photo Credit – From Google


#သစ်တော
#အာရှ
#ငှက်မျိုးစိတ်
#ညအိုးငှက်
#ဇီးကွက်

Some text some message..