သက်တမ်းအရှည်ဆုံး သတ္တဝါများ..
mmload.com
|
2023-05-18

တိရိစ္ဆာန်တွေဟာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြောင့်သော်လည်းကကောင်း၊ ရာသီဥတုနှင့် ရောဂါဆိုးများကြောင့် သော်လည်းကောင်း သေဆုံးမှုတွေ မြင့်တက်နေပါတယ်။ ဒီလိုအခြေအနေဆိုးတွေကို ကြံ့ကြံ့ခိုင်နိုင်ပြီး သက်တမ်းကြာရှည်စွာအသက်ရှင်နိုင်တဲ့ ကမ္ဘာ့အသက်ရှည်ဆုံး တိရစ္ဆာန်အချို့ကို ဖော်ပြပေးသွားပါမယ်။ 

ရေခူ

လောကမှာမသေနိုင်တဲ့ သက်ရှိတွေမရှိဘူးလို့ထင်ရင် သင်မှားနေပါပြီ။ ရေခူတွေဟာ မသေနိုင်တဲ့သက်ရှိတစ်မျိုးပါပဲ။ သူတို့ဟာ planula လို့ခေါ်တဲ့ သားလောင်းအဖြစ် ဘဝကိုစတင်ခဲ့ကြပြီး သမုဒ္ဒရာအနှံ့သွားတတ်ကြပါတယ်။ ထို့နောက် သူတို့ဟာ ရေကူးမီဒူဆာအဖြစ်မပြောင်းလဲမီ ပင်လယ်ကြမ်းပြင်မှာ ပေါလစ်အဖြစ် တည်ငြိမ်စွာ နေထိုင်ကြပါတယ်။ အကယ်၍ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် စိတ်ဖိစီးမှုတွေကြုံတွေ့ခဲ့ရင် ပေါလစ်အဖြစ်သို့ပြောင်းလဲပြီး ဘဝကိုပြန်စနိုင်ပါတယ်။ အခွင့်အရေးရခဲ့ရင် ဒီနည်းလမ်းအတိုင်း အကြိမ်ကြိမ်ပြုလုပ်ပြီး မသေနိုင်တဲ့ တိရိစ္ဆာန်တွေအဖြစ် ရှင်သန်နေထိုင်ကြပါတယ်။ 


သမုဒ္ဒရာခုံးကောင်

သမုဒ္ဒရာခုံးကောင်တွေမှာ အံ့ဩလောက်စရာကောင်းတဲ့ သက်တမ်းရှိပါတယ်။ ပျမ်းမျှသက်တမ်းက နှစ် (၄၀၀) လောက်ရှိပြီး (၅၀၇) နှစ်ရှိတဲ့ သက်တမ်းအရှည်ဆုံးခုံးကောင်ကို ၂၀၀၆ ခုနှစ် အိုက်စလန်ကမ်းရိုးတန်းမှာ ဖမ်းမိခဲ့ပါတယ်။ အခွံပေါ်မှာရှိတဲ့ ကွင်းတွေကိုကြည့်ခြင်းအားဖြင့် သိပ္ပံပညာရှင်တွေက သူတို့ရဲ့သက်တမ်းကို ဖော်ပြနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ 


ဂရင်းလန်းငါးမန်း

ဂရင်းလန်းငါးမန်းတွေဟာ နှစ်ပေါင်း ၃၀၀ မှ ၅၀၀ အတွင်း အသက်ရှင်ကြပြီး အသက်အရှည်ဆုံး ကျောရိုးရှိသတ္တဝါတွေဖြစ်ပါတယ်။ သူတို့ဟာ အရွယ်ရောက်ဖို့ အလွန်ကြာပြီး ငါးမန်းအမတွေဟာ နှစ်ပေါင်း ၁၀၀ မှ ၁၅၀ အထိ လိင်ပိုင်းဆိုင်ရာရင့်ကျက်မှုမရှိသေးပါဘူး။ သူတို့ဟာ အရွယ်အစားအရမ်းကြီးပေမယ့် သမုဒ္ဒရာထဲမှာ နှစ်ပေါင်းများစွာ သိုသိုသိပ်သိပ်နေထိုင်ခဲ့ကြပါတယ်။ 


ဒါကတော့ အသက်အရှည်ဆုံး တိရစ္ဆာန်တွေဖြစ်ပါတယ်။ သူတို့လိုပဲ နှစ်ပေါင်းရာနဲ့ချီ အသက်ရှင်နေနိုင်တဲ့ အခြားတိရိစ္ဆာန်တွေလည်း ရှိနေပါသေးတယ်။ 


#သဘာဝ
#တိရိစ္ဆာန်
#ရေခူ
#ဂရင်းလန်းငါးမန်း
#သမုဒ္ဒရာခုံးကောင်

Some text some message..