မြေအောက်မှာ နေထိုင်ကြတဲ့ တိရစ္ဆာန်များ
mmload.com
|
2023-05-27

ကျွန်တော်တို့ ကမ္ဘာပေါ်မှာတော့ တိရစ္ဆာန်အများစုဟာ သူတို့ဘဝရှင်သန်နေထိုင်ဖို့ သင့်တော်ဆုံးဖြစ်မယ့် နေရာတွေမှာပဲ နေထိုင်ကြတာပါ။ ဒါပေမယ့် တိရစ္ဆာန်နှင့် နေထိုင်ရာပတ်ဝန်းကျင်အနေအထားတွေကြောင့် နေထိုင်မှုပုံစံတွေကို ကွဲပြားသွားကြတာဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မြေအောက်ထဲမှာ နေထိုင်ကြတဲ့ တိရစ္ဆာန်တွေထဲကနေ လူသိများတဲ့ တိရစ္ဆာန်အချို့ကို ဖော်ပြပေးမှာဖြစ်ပါတယ်။ 

(၁) ကိုယ်လုံးတီးမှဲ့ကြွက်များ


Photo Credit - From Google
ကိုယ်လုံးတီးမှဲ့ကြွက်တွေဟာ နို့တိုက်သတ္တဝါဖြစ်ပြီး အများအားဖြင့် အရှေ့အာဖရိကနေရာတွေမှာ တွေ့ရတာဖြစ်ပါတယ်။ သူတို့ရဲ့ဘဝကို ရှုပ်ထွေတဲ့ မြေတွင်းများဖောက်လုပ်ပြီး ကောင်းမွန်စွာ ရှင်သန်ကြတာပါ။ 

(၂) ပရီရီယာခွေးများ


Photo Credit - From Google
ပရီရီယာခွေး တွေဟာ မြောက်အမေရိကရဲ့  မြက်ခင်းပြင်တွေမှာ နေထိုင်ကျက်စားကြတဲ့ ကြွက်မျိုးနွယ်ဝင်ဖြစ်ပါတယ်။ ကြွက်မျိုးနွယ်ဝင်ဆိုပေမယ့် ပရီရီယာခွေးရဲ့ အော်သံက ခွေးဟောင်သံနဲ့တူပါတယ်။ သူတို့ဟာ ကြီးမားတဲ့ တွင်းပေါက်ကြီးတွေကို တူးယက်နိုင်ကြပြီး ဘဝရှင်သန်မှုအတွက် အရေးပါတဲ့ မြေအောက်ဥမင်လိုဏ်ခေါင်းစနစ်များကို ဖန်တီးနေထိုင်ကြတာ ဖြစ်ပါတယ်။ 

(၃) မှဲ့များ


Photo Credit - From Google
မှဲ့ကောင်လေးတွေကလည်း မြေအောက်နေထိုင်ကြတဲ့ နို့တိုက်သတ္တဝါငယ်လေးတွေပါ။ သူတို့ကလည်း မြေအောက်ဥမင်လှိုဏ်ခေါင်းများ တူးယက်ကြပြီး တီကောင်နှင့် အင်းဆက်ပိုးကောင်လေးတွေ စားသောက်ကာ ရှင်သန်နေထိုင်ကြတာ ဖြစ်ပါတယ်။ 

(၃) Fennec မြေခွေးများ


Photo Credit - From Google
Fennec မြေခွေးတွေက အများအားဖြင့် မြေအောက်မှာ သီးသန့်နေထိုင်တဲ့သူတွေ မဟုတ်ပေမယ့် မြောက်အာဖရိကမှာ တွေ့ရတဲ့ Fennec မြေခွေးတွေကတော့ ကန္တာရတွေမှာ မြေတွင်းများတူးယက် နေထိုင်ကြတာ ဖြစ်ပါတယ်။ Fennec မြေခွေးတွေက ညဘက်မှသာ သွားလာလှုပ်ရှားကြပြီး နေ့အချိန်မှာတော့ သဲကန္တာရရဲ့  ပြင်းထန်တဲ့ အပူဒဏ်လွတ်မြောက်အောင် မြေတွင်းများ တူးကြပြီး နေထိုင်ကြတာ ဖြစ်ပါတယ်။ 

(၄) ပုရွက်ဆိတ်များ


Photo Credit - From Google
ပုရွတ်ဆိတ်များကတော့ ကမ္ဘာ့တစ်ဝှမ်းရှိ ဘယ်နေရာဘယ်ဒေသမဆို တွေ့ရတဲ့ ဆင်းဆက်လေးတွေပါ။ သူတို့ကလည်း အစာသိုလှောင်ခြင်း ၊ ငယ်ရွယ်တဲ့ သားပေါက်ကလေးတွေကို ပြုစုပျိုးထောင်ခြင်းစတဲ့ အမျိုးမျိုးသော လုပ်ငန်းဆောင်တာတွေအတွက် ရှုပ်ထွေးတဲ့ ဥမင်လိုဏ်ခေါင်းများ ဖန်တီးတည်ဆောက်ကြတာ ဖြစ်ပါတယ်။ 

(၅) ဇီးကွက်များ 


Photo Credit - From Google
ဇီးကွက်ငယ်တွေကတော့ အများအားဖြင့် အခြားတိရစ္ဆာန်များတူးထားတဲ့ စွန့်ပစ်မြေတွင်းများကို မကြာခဏ ပြန်လည်အသုံးပြုနေထိုင်ကြတာပါ။ ဒီဇီးကွက်တွေကိုတော မြောက်နှင့် တောင်အမေရိကရှိ မြက်ခင်းပြင်များနှင့် သဲကန္တာရများမှာ တွေ့ရှိနိုင်ပါတယ်။ 

ဒီတိရစ္ဆာန်တွေပဲ မြေအောက်မှာ ရှင်သန်နေထိုင်ကြတာတော့ မဟုတ်ပါဘူး...ပုံစံအမျိုးမျိုး သီးခြားမြေအောက်နေထိုင်ရာတဲ့ အခြားမျိုးစိတ်များစွာလည်း ရှိကြပါတယ်။ အခြားသင်သိထားတဲ့ မြေအောက်တိရစ္ဆာန်လေးတွေသိရင်လည်း ပြောပြပေးခဲ့ပါဦး။ 

Source - wildlifeinformer

#သတ္တဝါ
#မြေအောက်
#အာဖရိက
#ဇီးကွက်
#ပုရွက်ဆိတ်

Some text some message..