
အန္တာတိကတိုက်ဆိုတာ ရေခဲပြင်တွေဖုံးလွှမ်းပြီး လူတွေမနေတဲ့ တိုက်ကြီးတစ်ခုဖြစ်ပါတယ်။ ဒီလိုအေးခဲပြီး လူတွေမနေတဲ့ တိုက်ကြီးတစ်ခုမှာ သွေးရေတံခွန်လို့နာမည်ကြီးတဲ့ နေရာတစ်ခုကို တောက်ပတဲ့အဖြူရောင်ရေခဲတောင်တွေကြားမှာ တွေ့ရှိခဲ့ကြပါတယ်။ အဆိုပါသွေးရေတံခွန်ကို တေလာရဲ့ မာမိုဒိုခြောက်သွေ့ချိုင့်ဝှမ်းခရီးစဥ်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

သွေးရေတံခွန်လို့ အမည်ပေးထားပေမယ့် သွေးစစ်စစ်တွေစီးကျနေတာတော့မဟုတ်ပါဘူး။ သတ္တုဓာတ်ကြွယ်ဝပြီး ဟိုက်ပါစလင်းတွေကို ထုတ်လွှတ်ပေးတဲ့ ဖြစ်စဥ်တစ်ခုသာဖြစ်ပါတယ်။ ဒီဖြစ်စဥ်မှတစ်ဆင့် ရေခဲတောင်ကြားမှ အနီရောင်စီးဆင်းမှုတစ်ခုကိုဖြစ်စေတာ ဖြစ်ပါတယ်။ အနီရောင်အရည်တွေဟာ သွေးတွေနဲ့ ဆင်တူတဲ့အတွက် သွေးရေတံခွန်လို့ အမည်ပေးထားခြင်းဖြစ်ပါတယ်။

ဩစတေးလျဘူမိဗေဒပညာရှင် ဂရာဗင်တေလာက သွေးရေတံခွန်ဖြစ်ပေါ်လာမှုကို ၁၉၁၁ မှာ ပထမဆုံးလေ့လာခဲ့ပါတယ်။ တေလာက ရေညှိနီတွေကြောင့် အနီရောင်အဖြစ်ပြောင်းလဲသွားတာဖြစ်ကြောင်း ဖော်ပြထားပေမယ့် မှားယွင်းတဲ့ လေ့လာမှုတစ်ခုသာဖြစ်ကြောင်း နောက်ပိုင်းလေ့လာသူတွေက ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ အကြောင်းရင်းမှန်ကတော့ သတ္တုဓာတ်ကြွယ်ဝတဲ့ အရည်တွေဟာ ရေခဲတောင်မျက်နှာပြင်ကိုဖြတ်သွားတဲ့အခါ အောက်စီဒစ်ဖြစ်သွားပြီး အနီရောင်ပြောင်းသွားခြင်းဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် သံချေးတက်နေတဲ့အရာတွေကို ရေနှင့်ထိတွေ့လိုက်တဲ့အခါ ဓာတ်ပြုပြီးအရောင်ပြောင်းသွားတဲ့ဖြစ်စဥ်အတိုင်း ဖြစ်ပေါ်နေတာဖြစ်ပါတယ်။

လူမနေတဲ့ တိုက်ကြီးတစ်ခုမှာ ဒီလိုထူးခြားအံ့ဩဖွယ်ဖြစ်စဥ်တွေအပြင် အခြားဖြစ်စဥ်တွေလည်း များစွာရှိနေပါသေးတယ်။