အနီရောင်မဟုတ်တဲ့ ရေဘဝဲတွေရဲ့သွေး...
mmload.com
|
2023-05-30

ကမ္ဘာပေါ်က သတ္တဝါတွေအားလုံးနီးပါးမှာ အနီရောင်သွေးတွေသာရှိကြပါတယ်။ ဂြိုလ်သားတွေမှာသာ သွေးတွေဟာ အရောင်အမျိုးမျိုးဖြစ်နေကြောင်း ရုပ်ရှင်တွေထဲမှာမြင်တွေ့ရပေမယ့် ကမ္ဘာပေါ်က အချို့တိရစ္ဆာန်တွေမှာလည်း အနီရောင်မဟုတ်တဲ့ သွေးတွေကိုမြင်တွေ့ရနိုင်ပါတယ်။ ဒီလိုတိရစ္ဆာန်တွေထဲမှာ ရေဘဝဲတွေလည်း အပါအဝင်ဖြစ်ပါတယ်။ 


ရေဘဝဲတွေရဲ့သွေးက အနီရင်မဟုတ်ရင် ဘယ်လိုအရောင်ဖြစ်မယ်ထင်လဲ..။ တစ်ကယ်တော့ ရေဘဝဲတွေရဲ့သွေးက အပြာရောင်ဖြစ်နေပါတယ်။ အပြာရောင်‌သွေးဖြစ်ပေါ်ရခြင်းက သွေးလည်ပတ်မှုနှင့် သွေးအတွင်းပါဝင်ပစ္စည်းတွေ မတူညီလို့ဖြစ်ပါတယ်။ ဟေမိုကလိုဘင်ဟာ ကျောရိုးရှိသတ္တဝါအားလုံးနီးပါးရဲ့ သွေးလည်ပတ်မှုစနစ်မှာ အဓိကပါဝင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ကျောရိုးမရှိတဲ့သတ္တဝါတွေမှာဆိုရင် အစားထိုးပရိုတင်းတစ်မျိုးဖြစ်တဲ့ ဟေမိုဆိုင်ရာနင်က အဓိကပါဝင်ပစ္စည်းတစ်ခုအဖြစ် လုပ်ဆောင်ပါတယ်။ 



ဟေမိုကလိုဘင်နှင့် ဟေမိုဆိုင်ရာနင်နှစ်မျိုးလုံးဟာ အောက်ဆီဂျင်နဲ့ ချိတ်ဆက်သယ်ဆောင်နိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် သူတို့ကြားမှာကွာခြားချက်တွေတော့ရှိပါတယ်။ ဟေမိုကလိုဘင်မှာ သံအက်တမ်တွေပါဝင်ပြီး ဟေမိုဆိုင်ရာနင်မှာ ကော့ပါးအက်တမ်တွေသာပါရှိပါတယ်။ ရလာဒ်အနေနဲ့ ပရိုတင်းပါဝင်တဲ့ သွေးတွေဟာ လူသားတွေရဲ့သွေးနဲ့ သိသိသာသာကွဲပြားနေပါလိမ့်မယ်။ ဟေမိုဆိုင်ရာနင်ပါဝင်တဲ့သွေးဟာ အောက်ဆီဂျင်ရရှိတဲ့အခါ ကော့ပါးအက်တမ်ဟာ အပြာရောင်အဖြစ်ပြောင်းလဲသွားတာဖြစ်ပါတယ်။ 


ဟေမိုကလိုဘင်အစား ဟေမိုဆိုင်ရာနင်ကိုအသုံးပြုရတဲ့ အခြားကျောရိုးမဲ့သတ္တဝါတွေများစွာရှိပါတယ်။ ဒီထဲမှာ ရေဘဝဲတွေကအထူးခြားဆုံးပါ။ သူတို့မှာခေါင်းတစ်လုံးနှင့် ခြေချောင်းများစွာပါရှိပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ အသွင်အပြင်ကိုပိုင်ဆိုင်ထားပါတယ်။ ရေဘဝဲရဲ့အသွင်အပြင်နှင့် သွေးအရောင်တွေအရ သူတို့ကို ထူးခြားဆန်းပြားတဲ့ ဂြိုလ်သားတွေအဖြစ်တောင် တင်စားလို့ရနေပါတယ်..။



#ရေဘဝဲ
#ဟေမိုဆိုင်ရာနင်
#အောက်ဆီဂျင်
#ကျောရိုး
#ဂြိုလ်သား

Some text some message..