
မိကျောင်းဟာ ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံးလို့ သိထားကြပေမယ့် သူတို့မှာ လူတော်တော်များများ မသိသေးတဲ့ အံ့ဩစရာ ဖြစ်စဉ်တစ်ခုတော့ ရှိပါတယ်။ အဲ့ဒါက ဘယ်သက်တမ်းမဆို သွားတစ်ချောင်းဆုံးရှုံးတိုင်း နောက်တစ်ချောင်းအစားထိုးပေးနိုင်တဲ့ polyphyodonty ဖြစ်စဉ်ရှိနေလို့ပါ။

Photo Credit - From Google
ပညာရှင်တွေရဲ့ ခန့်မှန်းချက်တွေအရ မိကျောင်းများဟာ သူတို့ရဲ့ ဘဝတစ်လျှောက်လုံး စဉ်ဆက်မပြတ်ဘဲ သွားပေါင်း ၄၀၀၀ ကျော်အထိ အစားထိုးပေးနိုင်တယ်လို့ဆိုပါတယ်။ မိကျောင်းတစ်ကောင်မှာ သွားပေါင်း ၆၀ မှ ၁၁၀ ကြားထိရှိပါတယ်။

Photo Credit - From Google
သူတို့ရဲ့ သွားတစ်ချောင်း ဆုံးရှုံးသွားတဲ့အခါမှာ အသင့်အနေထားရှိထားပြီးသား သွားအစားထိုးမှု လေးမျိုးလောက်ရှိပြီး သွားတစ်ချောင်းစီမှာ သက်တမ်းတစ်လျှောက် အကြိမ် ၅၀ အထိ အစားထိုးပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့ရဲ့ သွားအစားထိုးနှုန်းက အသက်အရွယ် ၊ အစားအသောက်နှင့် ကျန်းမာရေးအပါအဝင် အခြားအကြောင်းအရင်းများပေါ်မူတည်ပြီး ကွဲပြားပါတယ်။ မိကျောင်းတွေ သွားအစားထိုးတာနဲ့ ပတ်သက်ပြီး သင်သိထားတာတွေ ရှိရင်လည်း ပြောပြပေးခဲ့ပါဦး။

Photo Credit - From Google