
သိုး နှင့် ဆိတ် နှစ်မျိုးစလုံးက ပုံသဏ္ဍာန်အားဖြင့် ကွဲပြားကြတဲ့ တိရစ္ဆာန်တွေဖြစ်ပေမယ့် သူတို့နှစ်ကောင်ကြားမှာတော့ အချို့တူကြတွေရှိပါတယ်။ ဒါဆိုရင် မတူတာတွေကရော ဘာတွေရှိသလဲ။

Photo Credit - From Google
(၁) ပုံပန်းသဏ္ဍာန်
သူတို့မျိုးစိတ်နှစ်မျိုးစလုံးကတော့ အပေါ်မှာ ပြောခဲ့သလို ပုံသဏ္ဍာန်အားဖြင့် ကွဲပြားကြပါတယ်။ အထင်ရှားဆုံးကတော့ သူတို့ရဲ့ အမွေးတွေပါ။ သိုးတွေရဲ့ အမွေးက ထူးထဲတဲ့ အမွေးများရှိပြီး ဆိတ်အမွေးမှာတော့ တိုတောင်းကြပါတယ်။ ပြီးတော့ ဆိတ်တွေရဲ့ အမြီးက ထောင်မတ်ကြပြီး သိုးများမှာတော့ ပုံမှန်အားဖြင့် တွဲကျနေတတ်ပါတယ်။
(၂) ဦးချို
သိုးနှင့်ဆိတ် နှစ်မျိုးလုံးမှာ ဦးချိုတွေ ရှိနိုင်ကြပေမယ့် ဆိတ်တွေမှာတော့ ထင်ရှားတဲ့ ဦးချိုက ပိုများတာ တွေ့ရပါတယ်။ သိုးများမှာတော့ ဦးချိုများလည်း ရှိကောင်းရှိနိုင်ပေမယ့် များသောအားဖြင့် သူတို့ရဲ့ ဦးချိုက ထင်ထင်ရှားရှားမရှိပါဘူး။

Photo Credit - From Google
(၃) အပြုအမူ
ဆိတ်တွေက သိုးတွေနှင့် နှိုင်းစာလျှင် ပတ်ဝန်းကျင်ကို ပိုပြီး စူးစမ်းလိုစိတ် ပြင်းပြကြပါတယ်။ ပြီးတော့ ဆိတ်တွေက မတ်စောက်တဲ့ တောင်တန်းတောင်ကုန်းတွေ၊ သစ်ပင်တွေပေါ်ကို တက်ရောက်နိုင်တဲ့ ကျွမ်းကျင်မှုကို မကြာခဏပြတတ်ကြပါတယ်။ သိုးတွေကတော့ အဲ့လိုကျွမ်းကျင်မှုမရှိကြပေမယ့် အုပ်စုဖွဲ့နေထိုင်တဲ့ ဗီဇတော့ရှိပါတယ်။
(၄) အစားအသောက်
သိုးနှင့် ဆိတ်နှစ်မျိုးစလုံးကတော့ သတ္တဝါတွေဖြစ်ကြပေမယ့် မတူညီတဲ့ အစားအသောက်တွေကိုတော့ ဦးစားပေးကြပါတယ်။ ဆိတ်တွေက အစားအသောက်စားရာမှာ မရွေးချယ်တတ်ကြပါဘူး။ သူတို့အရှေးမှာ တွေ့ရာမြင်ရာ အရွက်၊အကိုင်းအခက်၊အပွင့် ၊အသီး အကုန်းစားသောက်ကြပါတယ်။ ဒါပေမယ့် သိုးတွေမှာတော့ မြက်နှင့် အခြားအပင်ငယ်တွေကိုပဲ စားကြတာ ဖြစ်ပါတယ်။

Photo Credit - From Google
(၅) မျိုးပွားခြင်း
သိုးနှင့် ဆိတ် က မိတ်လိုက်တဲ့ နေရာမှာ တစ်ကောင်နှင့်တစ်ကောင် မတူကြပါဘူး။ ဆိတ်တွေက ရာသီအလိုက် သားပေါက်ကြပြီး မိတ်လိုက်ရာသီကို ကန့်သက်ထားကြပါတယ်။ သိုးတွေမှာတော့ မကြာခဏ မိတ်လိုက်ပြီး တစ်နှစ်ပတ်လုံး သားပေါက်ကြပါတယ်။
တကယ်တော့ သိုးနှင့်ဆိတ် နှစ်မျိုးစလုံးဟာ ကွဲပြားမှုများရှိကြပေမယ့် အသားနှင့်နို့အတွက် မွေးမြူကြတဲ့ အိမ်မွေးတိရစ္ဆာန်တွေပဲ ဖြစ်ပါတယ်။ သိုးနှင့် ဆိတ် ပတ်သက်ပြီး အခြားကွဲပြားတာတွေရှိသေးရင်လည်း ပြောပြပေးခဲ့ပါဦး။
Source - kalmbachfeeds